Connect with us

North America

အီရတ်အား လက်နက် ဒေါ်လာ ၂၉၅.၆ သန်း ရောင်းချရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ခွင့်ပြု

ပြည်ပသို့ ရောင်းချမည့် အမေရိကန်နိုင်ငံထုတ် ဗုံးများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံအား အမေရိကန် ဒေါ်လာ ၂၉၅.၆ သန်း တန်ဖိုးရှိသော လက်နက်များ ရောင်းချရန်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ခွင့်ပြုလိုက်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဧပြီလ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန် ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၏ ထုတ်ပြန်ချက်အရ Peshmerga ခြေလျင်တပ်ဖွဲ့ နှစ်ဖွဲ့နှင့် အမြောက်တပ် တပ်ရင်း နှစ်ခုအတွက် အပါအဝင် ဖြစ်ကြောင်း သိရသည်။

“အမြောက်တပ်နှင့် ခြေလျင်တပ်များက ဗဟို အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့အတိုင်း Peshmerga ရဲ့ ကာဒစ်စတန် ဒေသဆိုင်ရာ အစိုးရအောက်မှာ စစ်ဆင်ရေး ပြုလုပ်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို လက်နက် ရောင်းချမည့် အဆိုပြုချက်တွင် အီရတ်နိုင်ငံအတွင်း အမေရိကန် တပ်သားများ ဖြည့်တင်းခြင်း သို့မဟုတ် အမေရိကန် တပ်သားများ လာရောက် တပ်ဖြန့်ထားခြင်းရှိမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်း အဆိုပြုချက်အား အမေရိကန် လွှတ်တော် ခွင့်ပြုချက်အား စောင့်ဆိုင်းနေချိန်တွင် လက်နက် ရောင်းချရေး လုပ်ဆောင်သွားမည် မဟုတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.