Connect with us

North America

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က မြောက်ကိုရီးယား နိုင်ငံ အား အကြမ်းဖက်ဝါဒ ထောက်ခံ သည့် နိုင်ငံ အဖြစ် ပြန်လည် သတ်မှတ်ရန် သုံးသပ် နေကြောင်း ပြောကြား

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tillerson အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tillerson က အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား အကြမ်းဖက်ဝါဒ ထောက်ခံ သည့် နိုင်ငံ အဖြစ် ပြန်လည် သတ်မှတ်ရန် သုံးသပ် နေကြောင်း ကို ဧပြီလ ၁၉ ရက်နေ့က ပြောကြား ခဲ့သည်။

Tillerson က ဝါရှင်တန်တွင် သတင်းထောက်များအား ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လက်ရှိချိန်တွင် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား လက်နက် အစီအစဉ် များကို တားဆီး နိုင်ရန် အတွက် ဘက်ပေါင်းစုံ မှ ဖိအားပေးရန် သုံးသပ်နေပြီး မြောက်ကိုရီးယား နိုင်ငံ အား အကြမ်းဖက်ဝါဒ ထောက်ခံ သည့် နိုင်ငံ စာရင်း တွင် ထည့်သွင်း သွားသည့် အချက်လည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အောက်လွှတ်တော် သည် ယခုနှစ် မတ်လပိုင်းတွင် အမေရိကန် နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံ အား အကြမ်းဖက်ဝါဒ ထောက်ခံ သည့် နိုင်ငံစာရင်းသို့ ပြန်လည် သတ်မှတ် သင့်မသင့် သုံးသပ်ရန် နှင့် ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ခဲ့ရာတွင် မဲအပြတ်အသတ် ဖြင့် ပြန်လည် သုံးသပ်ရန် အတည်ပြုခဲ့သည်။ ထိုအဆိုပြုချက် ကို အမေရိကန် အထက်လွှတ်တော် မှ အတည်ပြုနိုင်ခဲ့ပါက နောက်ဆုံးတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် မှ လက်မှတ်ရေးထိုးကာ ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ချက် ချမှတ် သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြချက် အရ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၏ အကြမ်းဖက်ဝါဒ ထောက်ခံသည့် နိုင်ငံ စာရင်း တွင် အီရန် ၊ ဆူဒန် နှင့် ဆီးရီးယား နိုင်ငံ တို့ပါဝင်လျက်ရှိ သည်။၂၀၀၈ ခုနှစ်က အမေရိကန် အစိုးရ သည် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ မှ မြောက်ကိုရီးယား နျူကလီးယား ပစ္စည်းယန္တရား စစ်ဆေးမှု ကိစ္စရပ် နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား အကြမ်းဖက်ဝါဒ ထောက်ခံသည့် နိုင်ငံများ စာရင်း မှ ပယ်ဖျက် ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.