North America
၂၀၁၇ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ ၌ သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၁ သောင်းခွဲ ကျော် သေဆုံး

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ Gun Violence Archive (GVA) ဝက်ဘ်ဆိုဒ် ၏ ဇန်နဝါရီ ၁ ရက်နေ့၌ အသစ် စာရင်းပြုစုချက် အရ ၂၀၁၇ အတွင်း အမေရိကန် နိုင်ငံ ၌ သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၁ သောင်းခွဲ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂၂,၀၀၀ မှာ သေနတ် ဖြင့် မိမိ ကိုယ်ကိုယ် အဆုံးစီရင် ခဲ့ကြောင်း သိရှိခဲ့ရသည်။
ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ တွင် သေနတ် ပစ်ခတ်မှုပေါင်း ၆၁,၀၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၅,၄၈၈ ဦး သေဆုံးခဲ့ကာ ၃၁,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးဒဏ်ရာရရှိသူများ အတွင်း လူပေါင်း ၄,၀၀၀ ခန့်မှာ အသက် ၁၇ နှစ်အောက် ကလေးငယ်များ ဖြစ်ခဲ့ကြောင်း ၊ ၂၀၁၄ ခုနှစ်တွင် စတင် ပြုစု ခဲ့သည့် စာရင်းများ အရ အမေရိကန် နိုင်ငံ တွင် နှစ်စဉ် ဖြစ်ပွား သည့် သေနတ် ပစ်ခတ်မှု ၊ သေဆုံးဒဏ်ရာရရှိမှု နှင့် ကလေးငယ်များ သေဆုံးမှု သည် နှစ်စဉ် အဆက်မပြတ် တိုးတက်လာကြောင်း သိရှိရသည်။
GVA ဝက်ဘ်ဆိုဒ် ၏ ထုတ်ပြန်ချက်တွင် စာရင်းပြုစုမှုသည် အမေရိကန် နိုင်ငံ ဒေသ အသီးသီး ရှိ သတင်းအရင်းအမြစ် ပေါင်း ၂၅၀၀ ခန့်မှ သေနတ်ပစ်ခတ်မှု စာရင်းများကို ပြုစု ခဲ့ခြင်းဖြစ်ပြီး အခြား သတင်း အရင်းအမြစ် မရှိသည့် နေရာများတွင်လည်း သေနတ်ပစ်ခတ်မှုများ ကျန်ရှိနေသေးကြောင်း ပါဝင်ခဲ့သည်။(Xinhua)