Connect with us

North America

အမေရိကန်၌ နှစ်သစ်ကူးညတွင် ဆယ်ကျော်သက်တစ်ဦးက တစ်မိသားစုလုံးကို သေနတ်ဖြင့်ပစ်သတ်

အခင်းဖြစ်ပွားရာနေအိမ်အနီးသို့ ရဲကားများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ရှိ နေအိမ်တစ်လုံး၌် ၂၀၁၈ခုနှစ်သို့ ရောက်ရှိရန် ၁၅မိနစ်အလို နှစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ၄ဦးသေဆုံးကာ ၁၆နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

သေဆုံးသူများတွင် သေနတ်ပစ်ခတ်သူ ဆယ်ကျော်သက်၏ မိဘနှစ်ဦး နှင့် ၁၈နှစ်အရွယ် အမတစ်ဦး ပါဝင်ကြောင်း မန်းမောက်စီရင်စု ရှေ့နေရုံး က ဇန်နဝါရီ ၁ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လေးဦးမြောက်သေဆုံးသူသည် အဆိုပါမိသားစု နှင့်အတူနေထိုင်သည့် အသက် ၇၀နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ယင်းအိမ်အတွင်း၌ တစ်ဦးတစ်ယောက် ရှိ၊မရှိ ကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးပဲ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.