North America
ကနေဒါဟိုတယ်၌ ကာဗွန်မိုနောက်ဆိုက်ဒ်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား ၊ လူ ၄၆ ဦး ဆေးရုံတင်ရပြီး ၁၅ ဦး စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေ
အော့တဝါ ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)
ကနေဒါနိုင်ငံ Manitoba ပြည်နယ် Winnipeg မြို့ရှိ ဟိုတယ်တစ်လုံး၌ ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၄၆ ဦးကို အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း နှင့် ယင်းတို့အနက် ၁၅ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။
Winnipeg မြို့မီးသတ်တပ်ဖွဲ့ဝင်များသည် ဓာတ်ငွေ့ယိုစိမ့်မှု သတိပေးချက်ကို ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် လက်ခံရရှိခဲ့ကြောင်း နှင့် ဟိုတယ်အဆောက်အအုံ၏ အထပ်များစွာ၌ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့များသည် အပုံတစ်သန်းတွင် ၃၈၅ ပုံထိ ပြန့်နှံ့လျက်ရှိကြောင်း မီးသတ်ဌာန၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
လူပေါင်း ၄၆ ဦးကို ဆေးရုံတင်ထားရကြောင်း ၊ ယင်းတို့အနက် ၁၅ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေကြောင်း ၊ ၅ ဦးမှာ တည်ငြိမ်မှုမရှိသော အနေအထားတွင် ရှိနေပြီး ၂၆ ဦးမှာ အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ CBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)