Connect with us

North America

ဗြိတိန်သံအမတ်နှင့်အဆက်အသွယ်ဖြတ်တောက်ဖို့ အိမ်ဖြူတော်က ညွှန်ကြားချက်မပေးသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ အိမ်ဖြူတော်အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဗြိတိန်သံအမတ်နှင့် နောက်ထပ် အဆက်အဆံလုပ်မည်မဟုတ်ဟု သမ္မတ ထရမ့်က ဇူလိုင် ၈ ရက်က ပြောကြားခဲ့ရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အိမ်ဖြူတော်၏ မည်သည့် ညွှန်ကြားချက်မှမရရှိသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

Kim Darrochနှင့် အဆက်အသွယ်ဖြတ်ရန် အိမ်ဖြူတော်၏ ညွှန်ကြားချက်မရရှိသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူMorgan Ortagus က ဇူလိုင် ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ၎င်းက နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သမ္မတ၏ညွှန်ကြားချက်ကို လိုက်နာမည်ဖြစ်ကြောင်း ၊ သို့သော်လည်း သက်ဆိုင်သည့် ညွှန်ကြားချက်များ မရရှိခင် လက်ခံအသိအမှတ်ပြုထားသည့် သံတမန်အရာရှိများနှင့် အဆက်အသွယ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်နှင့်ဗြိတိန်အကြားတွင် ထူးခြားသည့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် အချိန်ကာလ၏အစမ်းအသပ်ကို ခံပြီးဖြစ်ကြောင်း ၊ ထိုဆက်ဆံရေးမှာ မည်သည့်လူပုဂ္ဂိုလ် မည်သည့်အစိုးရကိုမဆို သာလွန်ကြောင်း ၊ အမေရိကန်အနေဖြင့် ယင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း Morgan Ortagus က ပြောကြားခဲ့သည်။

ထရမ့်က Kim Darrochသည် ထူးဆန်းသူ၊ ဉာဏ်နည်းသူ ဖြစ်ကြောင်း ဇူလိုင် ၉ ရက် အစောပိုင်းက ၎င်း၏ တွစ်တာ လူမှုကွန်ရက်တွင် စကားနာထိုးဖော်ပြထားသည်။

Kim Darroch၏ ဗြိတိန်အစိုးရသို့ ပေးပို့သည့် မှတ်တမ်းနှင့် ကြေးနန်းစာများ ဗြိတိန်မီဒီယာများတွင် ဇူလိုင် ၇ ရက်က ဖော်ပြခဲ့ရာ ထရမ့်အစိုးရသည် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ခန့်မှန်းရခက်ခြင်း၊ အရည်အချင်းမပြည့်စုံခြင်းစသည့်အကြောင်းအရာများ ပါရှိကြောင်းသိရသည်။ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် ဇူလိုင် ၈ ရက်တွင် ထရမ့်က “ဒီသံအမတ်ကြီးကို ကျွန်တော်မသိဘူး။ဒါပေမဲ့ အမေရိကန်မှာတော့ သူက နာမည်သတင်းကောင်း တော့ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း သူနဲ့ နောက်ထပ်သွားလာဆက်ဆံမှာ မဟုတ်ပါ ဘူး”ဟု ၎င်း၏တွစ်တာစာမျက်နှာတွင် ပြောကြားခဲ့သည်ဟု သိရသည်။

Kim Darrochသည် ကြိုဆိုနှစ်လိုဖွယ်မရှိသူဟူသော သဘောဖြင့် ထရမ့်၏တွစ်တာတွင် ဖော်ပြထားရာ အမေရိကန်-ဗြိတိန် ဆက်ဆံရေးသည် အပြင်ပန်းတွင် သင့်မြတ်သော်လည်း လက်တွေ့တွင်မူပြဿနာပေါ်နေပြီဖြစ်ကြောင်း အမေရိကန် နယူးယောက်တိုင်းမ် သတင်းစာက ဇူလိုင် ၈ ရက်တွင် ဖော်ပြထားသည်။

ဗြိတိန် ဝန်ကြီးချုပ်ရာထူးရရန် ယှဉ်ပြိုင်နေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt) က ၎င်းသာ ဝန်ကြီးချုပ်ဖြစ်လျှင် Kim Darrochကိုပင် အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် ဆက်လက်ခံအပ်မည်ဖြစ်ကြောင်း ၊ သံအမတ်ရွေးချယ်မှုကို ဗြိတိန်အစိုးရက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ထရီဇာမေအနေဖြင့် Kim Darroch ၏ အမေရိကန်အစိုးရအပေါ် စူးရှသည့် ဝေဖန်မှုကို လက်မခံသော်လည်း Kim Darroch ကို အပြည့်အ၀ ယုံကြည်မှုရှိကြောင်းနှင့် ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ဇူလိုင် ၈ ရက် က ပြောကြားခဲ့သည်။

ဝေဖန်မှုလျှို့ဝှက်ချက်ပေါက်ကြားမှုကိစ္စအား ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.