Connect with us

North America

ဂျာမနီနိုင်ငံ အသားထုတ်စက်ရုံတစ်ခုတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွား၊ ကူးစက်ခံရသူ ၁ ထောင်ကျော်ရှိ 

ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ဇွန် ၂၀ ရက် ညနေပိုင်းအထိ ၎င်းစက်ရုံရှိ ဝန်ထမ်း ၅,၈၀၀အား ရောဂါစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အတည်ပြုလူနာ ၁,၀၂၉ ဦး တွေ့ရှိခဲ့သည်။ စက်ရုံ၏ အသားလှီးဖြတ်သည့်ဌာနသည် COVID-19 ကူးစက်ရာ အဓိက နေရာဖြစ်ပြီး ဝန်ထမ်း သုံးပုံနှစ်ပုံ ရောဂါကူးစက်ခံထားရကြောင်း ယင်းဒေသကျန်းမာရေးဌာန အရာရှိတစ်ဦးက ဆိုသည်။ 

အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် အသားထုတ်စက်ရုံအား ဇွန် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ဂျာမနီနိုင်ငံ မီဒီယာများ၏ သတင်းဖော်ပြမှုအရ   အဆိုပါ အသားထုတ်စက်ရုံ ဝန်ထမ်းများ၏နေအိမ်များကို ကျန်းမာရေးအဖွဲ့မှ လိုက်လံစစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် ဒေသခံအစိုးရ၏ တောင်းဆိုချက်အရ ရောဂါပိုးစစ်ဆေးမှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် စစ်တပ်မှ တပ်ဖွဲ့ဝင် ၆၅ ဦး စေလွှတ်ပေးထားကြောင်း သိရသည်။ 

ရောဂါပိုး ထပ်ဆင့်ပျံ့ပွားမှုကို ရှောင်ရှားနိုင်ရန် ဇွန် ၂၀ ရက်မှစကာ စက်ရုံပိတ်ထားရန် Güterslohခရိုင်က တောင်းဆိုထားသည်။ ထိုမတိုင်မီ အဆိုပါစက်ရုံမှ ဝန်ထမ်းအားလုံး ၆,၅၀၀ ခန့်နှင့်၎င်းတို့၏ မိသားစုဝင်များကို သီးခြားခွဲထားကြောင်းနှင့် အခြေခံပညာစာသင်ကျောင်းနှင့် မူကြိုကျောင်းများကိုလည်း ဇွန် ၁၈ ရက်မှ ၂၉ ရက်ထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။ 

ဂျာမနီနိုင်ငံ RKI သုတေသနဌာန(the Robert Koch Institute)၏ ဇွန် ၂၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့ ၀၀:၀၀ နာရီအထိ  ဂျာမနီတွင် COVID-19ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သည့်ရက်ကထက် ၆၀၁ ဦးတိုးလာပြီး စုစုပေါင်း ၁၈၉,၁၃၅ ဦး ၊ ထပ်တိုးသေဆုံးသူ ၁၁ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၈,၈၈၃ ဦး ၊ စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသွားသူ ၁၇၄,၇၀၀ ဦး အသီးသီး ရှိကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.