Connect with us

North America

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စိုးရိမ်ပူပန်နေရစဉ်အတွင်းမှာပင် သမ္မတထရမ့် လူထုထောက်ခံပွဲတက်ရောက်

အမေရိကန်နိုင်ငံ ကန်တက်စကီပြည်နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က ပြုလုပ်သော လူထုထောက်ခံပွဲ၌ သမ္မတဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့၌ ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော သမ္မတဒေါ်နယ်ထရမ့် ထောက်ခံပွဲကို ပြည်သူများ ကန့်ကွက်ဆန္ဒပြနေစဉ်(ဆင်ဟွာ)

နယူးယောက်မြို့၌ ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော သမ္မတဒေါ်နယ်ထရမ့် ထောက်ခံပွဲကို ပြည်သူများ ကန့်ကွက်ဆန္ဒပြနေစဉ်(ဆင်ဟွာ)

ထိုသို့ လူစုလူဝေများသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ပျံ့နှံ့ရန် အလွန်အန္တရာယ်များပြားကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေး နေသည့်ကြားမှာပင် သမ္မတ ထရမ့်က လူထုထောက်ခံပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော သုံးလကျော်က နောက်ဆုံး လူထုထောက်ခံပွဲကျင်းပပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်က နယူးယောက်မြို့၌ ပြုလုပ်သော ၎င်း၏ ထောက်ခံပွဲကို ပြည်သူများ  ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့ကြောင်း သိရသည်။(Xinhua)