North America
စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီး ၁၆ နှစ်ကြာပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမိုးမျှော်တိုက်သစ် ဖွင့်လှစ်

နယူယောက်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) မိုးမျှော်တိုက်သစ်ကို နှစ်ပေါင်းများစွာ နှောင့်နှေးမှုနှင့် ရန်ပုံငွေ မရှိမှုများပြီးနောက် စီးပွားရေးလုပ်ငန်းများအတွက် ဇွန်လ ၁၁ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာအမှတ် ၃ ဟု လူသိများသည့် အထပ်ပေါင်း ၈၀ ရှိသော အဆိုပါ ရုံးခန်းအဆောက်အအုံသည် ၁၀၇၉ ပေ (၃၂၉ မီတာ) မြင့်မားပြီး နယူးယောက်စီတီးတွင် ငါးခုမြောက် အမြင့်ဆုံး အဆောက်အအုံဖြစ်သည်။
အဆိုပါ တာဝါကို Pritzker ဆုရ ဗြိတိန် ဗိသုကာပညာရှင် ရစ်ချက်ရော်ဂျာ (Richard Roger) က ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ကမ္ဘာ့ကုန်သွယ်မှုစင်တာ အမြွာအဆောက်အအုံအား လေယာဉ်များဖြင့် ဝင်ရောက်တိုက်ခဲ့ပြီး လူပေါင်း ၂၇၀၀ ခန့် သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုပြီးနောက် အဆိုပါ ကမ္ဘာ့ကုန်သွယ်မှုစင်တာ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းများတွင် အစိုးရအဖွဲ့များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အာမခံကုမ္ပဏီများနှင့် ယင်းနေရာအား အောက်မေ့ဖွယ်နေရာအဖြစ် ထိန်းသိမ်းထားလိုသော သေဆုံးသူများ၏ မိသားစုများအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
ဘဏ္ဍာရေး အကျပ်တည်းဖြစ်ပွားသည့် ကာလအတွင်း ရန်ပုံငွေ မရှိခြင်းကြောင့် အဆောက်အအုံ တည်ဆောက်မှုအား ရပ်နားခဲ့ရသေးကြောင်း Trade Center တည်ဆောက်သူ Silverstein Properties ဥက္ကဋ္ဌ Larry Silverstein က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)