Connect with us

North America

ထရန့်က ကနေဒါဝန်ကြီးချုပ်ကို ပုတ်ခတ်ပြောဆိုမှုအား ကနေဒါ အောက်လွှတ်တော်က အပြစ်တင်ရှုတ်ချ

ကနေဒါဝန်ကြီးချုပ် Justin Trudeauအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

အော့တဝါ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ထရန့်က ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို ပုတ်ခတ်ပြောဆိုမှုအား အပြစ်တင်ရှုတ်ချကြောင်း အဆိုပြုချက်ကို ကနေဒါအောက်လွှတ်တော်က ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။

ထိုအဆိုပြုချက်ကို New Democratic Party လွှတ်တော်အမတ်တစ်ဦးက တစ်သီးပုဂ္ဂလအဆိုပြုချက် အနေဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်း၏အဆိုပြုချက်တွင် ကနေဒါနိုင်ငံလွှတ်တော်အမတ်များက အမေရိကန်၏ ပုတ်ခတ်ပြောဆိုမှုများကို ငြင်းပယ်ဆန့်ကျင်ကြောင်း ၊ ထိုပြောဆိုမှုများသည် ကနေဒါ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေပြီး ကုန်သွယ်ရေးပဋိပက္ခကိုဖြေရှင်းရာတွင်လည်း အကျိုးပြုမည်မဟုတ်ကြောင်း ၊ ကနေဒါအစိုးရ၏အမေရိကန်အပေါ် တန်ပြန်ဆောင်ရွက်သည့် အခွန်ကိစ္စကိုလည်း ထောက်ခံကြောင်း ရေးသားထားသည်။

ကနေဒါနိုင်ငံဖက်ဒရယ်ဥပဒေအရ လွှတ်တော်က အတည်ပြုသည့် တစ်သီးပုဂ္ဂလအဆိုပြုချက်သည် ဥပဒေအဖြစ် အတည်ပြုသက်ရောက်မှုမရှိသော်လည်း အစိုးရ၏သဘောထားကို ကိုယ်စားပြုဖော်ပြနိုင် သည်။

လွန်ခဲ့သော ရက်ပိုင်းများက ထရန့်နှင့်အမေရိကန် ကုန်သွယ်ရေးအရာရှိများသည် ကုန်သွယ်ရေး ပြဿနာနှင့်စပ်လျဉ်းပြီး ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို စကားလုံးများနှင့်ထိုးနှက် တိုက်ခိုက်ခဲ့သောကြောင့် လူမှုကွန်ရက်များတွင် ကနေဒါပြည်သူလူထုက ထရန့်ကို အပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး အမေရိကန်ကုန်ပစ္စည်းများကို သပိတ်မှောက်ခဲ့ကြကြောင်း သိရသည်။

အမေရိကန်သည် ဇွန်လ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများအား သံမဏိ နှင့်အလူမီနီယံခွန် စည်းကြပ်ခဲ့သောကြောင့် ကနေဒါက တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများကို ဇူလိုင် ၁ ရက်မှစ၍ အခွန်ပြန်လည်စည်းကြပ်မည်ဟု ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.