Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ဆပ်ပြာပူဖောင်းထက် ပေါ့ပါးသည့် ဆိုလာဆဲလ်များအား တီထွင်ထုတ်လုပ် - Xinhua News Agency
Connect with us

North America

ဆပ်ပြာပူဖောင်းထက် ပေါ့ပါးသည့် ဆိုလာဆဲလ်များအား တီထွင်ထုတ်လုပ်

ဆပ်ပြာပူဖောင်းထက် ပေါ့ပါးသည့် ဆိုလာဆဲလ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် ပြုလုပ်ခဲ့သမျှ ဆိုလာဆဲလ်များ ထဲ၌အပါးလွှာဆုံး နှင့် အပေါ့ဆုံးဖြစ်သည့် ဆိုလာဆဲလ် အား တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆိုလာဆဲလ်များသည် ဆပ်ပြာပူဖောင်းပေါ်တွင် ပူဖောင်းမပေါက်စေဘဲ တင်ထားနိုင်လောက်သည် အထိ ပါးလွှာ ပေါ့ပါးကြောင်း သိရသည်။

ယင်းဆိုလာဆဲလ် အား စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် နှစ်အနည်းငယ်ကြာ အချိန်ယူရမည်ဖြစ်သော်လည်း ထိုသို့ အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းကပင် မျုးိဆက်သစ် တစ်ကိုယ်ရည် အီလက်ထရောနစ် ပစ္စည်းများ အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင် အလွယ်တကူရရှိရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆဲလ်များအား လူအသုံးအဆောင်များဖြစ်သည့် ဦးထုပ်၊ အင်္ကျီ၊ စမတ်ဖုန်း နှင့် အခြား မည်သည့် ပစ္စည်း၏ မျက်နှာပြင်တွင်မဆို တင်ထားနိုင်မည်ဖြစ်သည်။

သုတေသနအဖွဲ့သည် parylene ဟုခေါ်သည့် ကွေးဆန့်နိုင်သော polymer တစ်မျိုးကို အပေါ်ယံ အလွှာ အဖြစ်အသုံးပြုထားပြီး DBP ဟုခေါ်သည် အော်ဂဲနစ် ပစ္စည်းတစ်မျိုးအား အလင်းစုပ်ယူသည့် အဓိက အလွှာ အဖြစ် အသုံးပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.