Connect with us

North America

Super Tuesday အကြိတ်အနယ် ယှဉ်ပြိုင်ပွဲတွင် ကလင်တန်နှင့် ဒေါ်နယ်ထရမ့် အနိုင်ရ

ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ)

ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲအတွက် အရေးပါသော အဆင့်ဖြစ်သည့် Super Tuesday တွင် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်က ၎င်း၏ ပါတီအတွင်းပြိုင်ဘက် ဘာနီ ဆန်းဒါးစ်အား ပြည်နယ် ၆ ခုတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း မီဒီယာ များ၏ ခန့်မှန်းချက်အရ သိရသည်။

ကလင်တန် အနိုင်ရခဲ့သည့် ပြည်နယ်များမှာ အယ်လာဘာမာ(Alabama)၊ အာကန်ဆတ် (Arkansas)၊ ဂျော်ဂျီ ယာ (Georgia)၊ တန်နက်စ်စီ (Tennessee)၊ တက္ကဆက် (Texas)နှင့် ဗာဂျီနီးယား (Virginia) တို့ ဖြစ်သည်။

ဒီမိုကရက်တစ်ပြိုင်ပွဲတွင် အနိုင်ရရှိမည့် ကိုယ်စားလှယ်များအား မဲအရေအတွက် အပေါ် အချိုးကျ အခြေခံထား ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၄၇၆၃ ဦးရှိသည့်အနက် ၂၃၈၂ ဦး ရရှိသူအား ပါတီကိုယ်စားပြု သမ္မတ လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်၏ ပြည်နယ် ၆ ခုအောင်ပွဲမှာ ၎င်းအား လာမည့် နွေရာသီတွင် ဒီမိုက ရက်တစ်ပါတီ၏ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်လာစေမည် ဖြစ်သည်။

ဟီလာရီ ကလင်တန်၏ ပြိုင်ဘက် ဘာနီး ဆန်ဒါးစ်က ၎င်း၏ ပြည်နယ် ဗားမောင့် (Vermont) နှင့် အိုကလာ ဟိုးမား (Oklahoma) ပြည်နယ်များတွင် အနိုင်ရရှိကာ မက်ဆာချူးဆက်ပြည်နယ်တွင်မူ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ၎င်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရီပက်ဘလစ်ကန် ပါတီဘက်တွင်မူ ဒေါ်နယ်ထရမ့်က မက်ဆာချူးဆက်(Massachusetts)၊ တန်နက်စ်စီ၊ အယ် လာဘာမား၊ ဂျော်ဂျီယာနှင့် ဗာဂျီးနီးယားပြည်နယ်များ၌ အနိုင်ရရှိခဲ့သလို အထက်လွှတ်တော်အမတ် တက်ခ် ခရုဇ် (Ted Cruz) က ၎င်း၏ ပြည်နယ်ဖြစ်သော တက္ကဆက် အပါအဝင် ပြည်နယ်နှစ်ခုမှာသာ အနိုင်ရရှိခဲ့ သည်။

ရီပက်ဘလစ်ကန်ပါတီ၏ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရရန်အတွက် ကိုယ်စားလှယ်လောင်း ၂၄၇၂ ဦးရှိသည့်အနက် အနည်းဆုံး ၁၂၃၇ ဦးရှိရမည် ဖြစ်သည်။၂၀၁၆ ခုနှစ်အတွက် အမေရိကန်နိုင်ငံ သမ္မတနေရာအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်နှင့် ရီပက် ဘလစ်ကန်တို့မှ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၂ ခုနှင့် အမေရိကန် Samoa ကျွန်းစုဒေသတို့၌ Super Tuesday အား မတ်လ ၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.