Connect with us

North America

ထရမ့်က ဆီးရီးယားမှ ကာ့ဒ်မျိုးနွယ်စုများအား လက်နက်တပ်ဆင်ပေးမည့် အစီအစဉ်အား အတည်ပြု

တင့်ကားပေါ်မှ ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ချို့အား ကလေးတစ်ဦးက လက်ပြနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် IS စစ်သွေးကြွအဖွဲ့အား တိုက်ခိုက်နေသော အဓိက အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဆီးရီးယားနိုင်ငံမှ ကာ့ဒ်မျိုးနွယ်စုများအား လက်နက်တပ်ဆင်ပေးမည့် အစီအစဉ်ကို အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က မေ ၉ ရက်တွင်ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် က ဆီးရီးယားနိုင်ငံ Raqqa မြို့ရှိ IS စစ်သွေးကြွတို့ကို ပြတ်သားစွာ နှိမ်နင်းရန် လိုအပ်သည့်အတွက် ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု မှ ကာ့ဒ်တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် မေ ၈ ရက်က ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို အမိန့်ပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ Dana White က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ISတို့၏ Raqqa မြို့ကို ဝိုင်းထားသည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ပေါင်းစု (SDF) အား ကာ့ဒ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPG) ဖြင့် အများဆုံးဖွဲ့စည်းထားသည့်အတွက် ISကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့က ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ကို ကျောထောက်နောက်ခံ ပေးထားခြင်း ဖြစ်သည်။

Dana White က အမေရိကန် နှင့် မဟာမိတ်တပ်ဖွဲ့များ မှ အထောက်အပံ့ရရှိထားသော ဆီးရီးယား ဒီမိုကရက်တစ်တပ်ပေါင်းစု (SDF) သည် မဝေးတော့သော အနာဂါတ်တွင် Raqqa မြို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်မည့် မြေပြင်တပ်ဖွဲ့တစ်ခုပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ကာ့ဒ်လက်နက်ကိုင်များအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် တူရကီအစိုးရ ၏ ဆန့်ကျင်မှုများရှိနေသည့်ကြားက ယင်းလက်နက်တပ်ဆင်ပေးမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

White က မဟာမိတ်တူရကီနိုင်ငံ၏ လုံခြုံရေးစိုးရိမ်မှုကို အလေးအနက်ထားပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များ တားဆီးသွားမည်ဖြစ်ပြီး နေတိုးမဟာမိတ်တပ်ဖွဲ့များကိုလည်း ကာကွယ်ပေးသွားမည်ဖြစ်၍ တူရကီအစိုးရ နှင့် တူရကီနိုင်ငံသားများအနေဖြင့် စိတ်ချစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.