Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် မီးရှူးမီးပန်းပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၁၄ဦးရှိလာ

မက္ကဆီကိုနိုင်ငံတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အအုံအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ မေ ၁၀ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် မေ ၈ ရက် က မီးရှူးမီးပန်းများပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၁၄ဦးအထိမြင့်တက်လာပြီး လူ ၂၂ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း Puela ပြည်နယ်အစိုးရ က မေ ၉ ရက် တွင် ကြေညာခဲ့သည်။

တွစ်တာစာမျက်နှာတွင် တင်ထားသည့် ထုတ်ပြန်ချက်၌ ဒေသတွင်းအစိုးရက ပေါက်ကွဲမှုသည် မေ ၁၅ရက်တွင် ကျင်းပမည့် ကျေးရွာပွဲတော်တစ်ခုမတိုင်ခင် မေလ ၈ ရက် ည ၉း၃၀နာရီတွင် မီးရှူးမီးပန်းသိုလှောင်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များ၏ အစောပိုင်း သတင်းပေးပို့ချက်များအရ သိုလှောင်ရုံအပြင်ဘက် တွင် မီးရှူးမီးပန်းဖောက်ရာမှ တစ်ဆင့် မီးပွား ကူးစက်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Puebalပြည်နယ် ပြည်ထဲရေးဝန်ကြီး က ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျခဲ့ပြီး လူစုစုပေါင်း ၁၄ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း မက္ကဆီကိုစီးတီး ရှိ မီးရှူးမီးပန်းဈေးတစ်ခုတွင် ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၃၅ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.