North America
ဒေါ်နယ်ထရမ့် က မိမိ၏ သားမက် အား အိမ်ဖြူတော် အဆင့်မြင့် အကြံပေးရာထူး ခန့်အပ်

ဝါရှင်တန် ၊ ဇန်ဝါရီလ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ၎င်း၏ သမီးကြီး၏ ခင်ပွန်းဖြစ်သူ Jared Kushner အား အိမ်ဖြူတော် အဆင့်မြင့် အကြံပေး ရာထူးအား ခန့်အပ်ကြောင်း ကြေညာ ခဲ့ပြီး ထိုရာထူးသည့် အစိုးရ အဖွဲ့အစည်း၏ အရေးပါသည့် ရာထူး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဒေါ်နယ်ထရမ့် က ကြေညာစာ တစ်ခုတွင် Kushner သည် စီးပွားရေး လုပ်ငန်းရှင်များ နှင့် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်များ လေးစားရသောသူ ဖြစ်ပြီး မိမိ၏ ရွေးကောက်ပွဲ ကာလ အတွင်း အလွန်ယုံကြည်ရသော အကြံပေး ဖြစ်ကြောင်း ၊ မူဝါဒ များ နှင့် မဟာဗျူဟာများ ရွေးချယ် ဆုံးဖြတ်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် ထိုကြေညာချက်တွင် Kushner နှင့် မိမိ၏ ဆွေမျိုးတော်စပ်ပုံကို မဖော်ပြခဲ့ကြောင်း သိရှိရသည်။
အမေရိကန် မီဒီယာ များ၏ ဖော်ပြချက်အရ Kushner အကြံပေးရမည့် ကဏ္ဍသည် လွန်စွာကျယ်ပြန့်ပြီး ကုန်သွယ်မှုဆွေးနွေးခြင်း နှင့် အရှေ့အလယ်ပိုင်း မူဝါဒ နှင့် အစိုးရ လုပ်ငန်း လည်ပတ်ပုံ စသည့် တို့လည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန် လွှတ်တော် အနေဖြင့် ၁၉၆၇ ခုနှစ်တွင် မိမိ၏ လုပ်ငန်းတာဝန် နှင့် အဖွဲ့အစည်းအောက်တွင် အရပ်ဘက် ဆွေမျိုးတော်စပ်သူများကို ရာထူးခန့်အပ်ခြင်းအား တားမြစ်သည့် ဥပဒေ ကို ပြဌာန်း ခဲ့သည်။ဒေါ်နယ်ထရမ့်၏ ယခု ကဲ့သို့သော ရာထူးခန့်အပ်ခြင်းသည် ဥပဒေ ကိုချိုးဖောက်ရာရောက် မည်လား ကို အမေရိကန် နယ်ပယ်အသီးသီး က ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။
Kushner သည် နယူးယောက် မြို့၏ နာမည်ကြီး အိမ်ခြံလုပ်ငန်း နှင့် မီဒီယာ လုပ်ငန်း လုပ်ငန်းရှင်ဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် မွေးဖွားကာ ၂၀၀၃ ခုနှစ်တွင် ဟားဗတ် တက္ကသိုလ် တွင် လူမှုဗေဒ ဖြင့်ဘွဲရခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် The New York Observer ဂျာနယ်တိုက် ကိုဝယ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နယူးယောက် တက္ကသိုလ် ဥပဒေ ပါရဂူ ဘွဲ့နှင့် MBA ဘွဲ့တို့ကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Kushner ကုမ္ပဏီ ၏ အမှုဆောင် အရာရှိချုပ် ရာထူးကို စတင်တာဝန် ထမ်းဆောင် ခဲ့သည်။(Xinhua)