Connect with us

North America

အမေရိကန်နိုင်ငံ၏ အသေးစားစီးပွားရေးလုပ်ငန်းများကို အကူအညီပေးရန် သမ္မတဒေါ်နယ်ထရမ့် နှင့် အလီဘာဘာပိုင်ရှင် Jack Ma တို့တွေ့ဆုံဆွေးနွေး

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် နှင့် အလီဘာဘာကုမ္ပဏီ အကြီးအကဲ ဂျက်မာ တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်/နယူးယောက် ၁ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများကို တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရာတွင် နှစ်နိုင်ငံအကြား ပေါင်းကူးစြင်္က ံတစ်ခုအဖြစ် အကူအညီပေးရန်အတွက် တရုတ်နိုင်ငံ၏ အီ-ကုန်သွယ်ရေး(e-commerce)အကြီးဆုံးလုပ်ငန်းစု အလီဘာဘာ(Alibaba)ကုမ္ပဏီ၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဂျက်မား Jack Ma နှင့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ရွေးကောက်ခံအမေရိကန်သမ္မတက သိပ်ကို သပ်သပ်ရပ်ရပ် ရှိတဲ့ လူတစ်ယောက်လို့ထင်ပါတယ်။ အခြားလူတွေ ပြောဆိုတာကိုလည်း အရမ်းကို စိတ်ရှည်ရှည် နားထောင်ပေးတက်တဲ့ လူစားမျိုးပါ။ ကုန်သွယ်ရေးတိုးမြှင့်အောင်ဘယ်လို လုပ်ရမလဲဆိုတဲ့ ကျွန်တော့်အယူအဆတွေကို သူ့ကို ပြောပြခဲ့ပါတယ်။ အထူးသဖြင့်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု နဲ့စီးပွားရေးလုပ်ငန်းငယ်တွေကို တွန်းအားပေးမှုအပိုင်းတွေမှာပေါ့” ဟု နယူးယောက်မြို့ရှိ Trump အဆောက်အအုံ၌ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း မားက သတင်းသမားများအားပြောကြားခဲ့သည်။

“ အသေးစား စီးပွားရေးလုပ်ငန်း တစ်သန်းကျော်ကို ထောက်ပံ့သွားဖို့အကြောင်းကို အဓိကထားဆွေးနွေးဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့လုပ်ငန်းတွေကိုပေါ့။ အသေးစားစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ နဲ့အမေရိကန်ဝန်ဆောင်မှု ပစ္စည်းတွေကို တရုတ်နိုင်ငံ နဲ့အာရှနိုင်ငံတွေကို ရောင်းချပေးမယ့် ပေါင်းကူးစြင်္က ံတံတားတစ်ခုအကြောင်းတွေပေါ့” ဟု မားက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် နှင့် ဂျက်မားတို့နှစ်ဦးသည် တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ “ တိုးတက်ကောင်းမွန်စေရန်” နှင့် “ ပို၍ ရင်းနှီးချစ်ခင်စေရန် ” ဆွေးနွေးခဲ့ကြောင်း မားက ပြောကြားခဲ့ပြီး ဒေါ်နယ်ထရမ့် အနေဖြင့် ၎င်းတွင်ရှိနေသော စိုးရိမ်ပူပန်မှုများ နှင့် ဖြေရှင်းမည့်နည်းလမ်းများကို တရုတ်နိုင်ငံ နှင့်ဆွေးနွေးလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ သိပ်ကိုကြီးကျယ်တဲ့အစည်းအဝေးပါ။ ကမ္ဘာအကောင်းဆုံးတွေထဲက အကြီးကျယ်ဆုံးသော စွန့်ဦးတီထွင်မှုတွေထဲက တစ်ခုပါပဲ” ဟု ထရမ့်က သတင်းသမားများအားပြောကြားခဲ့သည်။ “ ဂျက် နဲ့ကျွန်တော်ဟာ ကြီးကျယ်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်သွားဖို့ရှိနေပါတယ်” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှ အသေးစားစီးပွားရေးလုပ်ငန်းပေါင်း တစ်သန်း မှ ထုတ်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ရန် အလီဘာဘာလုပ်ငန်းစုက အကူအညီပေးသွားမည်ဖြစ်ကြောင်း နှင့် အမေရိကန်ကုမ္ပဏီများ နှင့် လယ်သမားများမှ ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်းများကို တရုတ်စားသုံးသူ သန်း ၄၅ဝ ထံရောက်ရှိအောင် ၎င်းတို့ကုမ္ပဏီက ကြားခံပေါင်းကူးစြင်္က ံတစ်ခုအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလီဘာဘာကုမ္ပဏီ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဇန်နဝါရီလ ၉ ရက်က ရေးသားဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.