Connect with us

North America

ကိုလံဘီယာ နိုင်ငံ တွင် ကြိုးတံတား တစ်စင်း ပြိုကျ ခဲ့ရာမှ လက်ရှိချိန်တွင် အနည်းဆုံး ၁၁ ဦးသေဆုံးကြောင်း သိရှိရ

ကိုလံဘီယာ အလယ်ပိုင်း ဒေသရှိ Villavicencio မြို့ အား google map မှ မြင်တွေ့ရစဉ်(ဓာတ်ပုံ-google map)

ဘိုဂိုတာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ သဘာဝ ဘေးအန္တရာယ် ထိန်းချုပ်ရေး စင်တာ က ကိုလံဘီယာ အလယ်ပိုင်းရှိ ခရီးသွား ဒေသ တစ်ခုတွင် ဇန်နဝါရီလ နံနက်ပိုင်း၌ ကြိုးတံတား ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် အနည်းဆုံး ၁၁ ဦးသေဆုံး ခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွားသည့် တံတားသည် ကိုလံဘီယာ အလယ်ပိုင်း ဒေသရှိ Villavicencio မြို့ အနီးရှိ ခရီးသွား ဧည့်သည်များ သွားလာသည့် ဒေသတွင် တည်ရှိကြောင်း ၊ အခင်းဖြစ်ပွား သည့် အချိန်သည် ကိုလံဘီယာ နိုင်ငံ တွင် ရုံးပိတ်ရက် ၃ ရက်ဆက် အပြီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ကြိုးတံတား ပြိုကျ ရခြင်းသည် ထိုအချိန်က တံတားပေါ်တွင် ခံနိုင်သည့် ဝန်ချိန် ကျော်လွန် ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာ မှ မီးသတ် သမား က သေဆုံးသူများတွင် ၇ ဦးသည် အခင်းဖြစ်ပွား စဉ် ချက်ချင်းသေဆုံး ခဲ့ခြင်းဖြစ်ပြီး ကျန် ၄ ဦးမှာ ဆေးရုံ သို့ပို့ဆောင်စဉ် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံတွင် ကုသမှုများဆောင်ရွက်နေပြီး အစိုးရ ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများသည် မြင့်မားသည့် နေရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်သောကြောင့် သေဆုံးသူ စာရင်းမှာ တိုးမြင့် လာနိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.