Connect with us

North America

ဒေါ်နယ်ထရမ့် က အီရန် နိုင်ငံ သည် နျူကလီးယား သဘောတူညီချက်စာချုပ် ၏ မူဝါဒလမ်းစဉ် ကို လိုက်နာမှု မရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီလ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နိုင်ငံ သည် ၂၀၁၅ ခုနှစ် တွင် ချုပ်ဆိုခဲ့သော အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် ၏ မူဝါဒလမ်းစဉ် ကို လိုက်နာမှု မရှိဘဲ သဘောတူညီချက် ကို ပျက်စီးစေသော လုပ်ဆောင်မှု မျိုးကို ဆောင်ရွက်နေကြောင်း ဧပြီလ ၂၁ ရက်နေ့ က ပြောကြား ခဲ့သည်။

အမေရိကန် သို့လာရောက် လည်ပတ်သော အီတလီ နိုင်ငံ ဝန်ကြီးချုပ် Gentiloni နှင့် အိမ်ဖြူတော် ၌ တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် သည် အလွန်ဆိုးရွားသည့် သဘောတူညီမှု စာချုပ် တစ်ခု ဖြစ်ပြီး မချုပ်ဆိုသင့်သည့် စာချုပ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့် အနေဖြင့် အီရန် နိုင်ငံ မှ မည့်သည် ဆောင်ရွက်မှု များသည် သဘောတူညီမှု စာချုပ် ၏ မူဝါဒလမ်းစဉ်ကို ချိုးဖောက်ရာရောက်ကြောင်း ကိုမူ ထောက်ပြပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ နှင့် အီရန် နျူကလီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲ(အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ) တို့သည် ကာလရှည်ကြာစွာ ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ အီရန် နိုင်ငံ ၏ နျူကလီးယား အစီအစဉ် များကို ကန့်သတ်ခဲ့ပြီး အပေးအယူ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ကို ပယ်ဖျက်ပေးခဲ့သည်။

ဒေါ်နယ်ထရမ့် သည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ယင်း သဘောတူညီမှု စာချုပ် နှင့် ပတ်သက်၍ အကြိမ်ကြိမ် ဝေဖန်ပြောကြား ခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးသော အပေးအယူ တစ်ခု ဖြစ်ကြောင်း နှင့် ယင်းသဘောတူညီမှု စာချုပ်ကို ပယ်ဖျက်ခြင်း သို့မဟုတ် အသစ်ပြန်လည် ဆွေးနွေးခြင်း ဆောင်ရွက်မည် ဟု ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.