North America
နယူးယောက်မြို့တွင် မီးလောင်မှုကြောင့် လူ ၁၂ဦးသေဆုံး

နယူးယောက်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
နယူးယောက်မြို့တော်ဝန် Bill de Blasio က လူ၄ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အခြားသူများလည်း ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသော မြို့တော်ဝန်က ယခုဖြစ်ရပ်သည် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပွားခဲ့သော ဆုံးရှုံးမှုအများဆုံး မီးလောင်မှုများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယူးယောက်မြို့ရှိ ခရိုင် ၅ခု ၏မြောက်ဘက်အစွန်းရှိ Bronx ခရိုင် ၏ ၂၃၆၃ Prospect ရိပ်သာ ရှိ ငါးထပ်တိုက်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသစံတော်ချိန် ည၆း၅၁နာရီတွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုရှိခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့ မီးသတ်ဋ္ဌာနကော်မရှင်နာ Daniel Nigro အဆောက်အအုံ၏ ပထမထပ်၌ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး အပေါ်ထပ်များသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး အခြားအထပ်များရှိ လူများ သေဆုံးခဲ့ကာ သေဆုံးသူများသည် အသက် ၁နှစ်မှ ၅၀နှစ်ကျော်အထိဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ မီးသတ်ဝန်ထမ်း ၁၆၀ကျော် စေလွှတ်ခဲ့ကြောင်း ဋ္ဌာနကပြောကြားခဲ့သည်။ (Xinhua)