Connect with us

North America

အမေရိကန်အာဏာပိုင်များက ၂၀၁၇ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် တစ်သိန်းခွဲနီးပါးကို ဖမ်းဆီးထိန်းသိမ်း

အမေရိကန် လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်တပ်ဖွဲ့ဝင်များက တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ ၂၀၁၇ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် ၁၅၀,၀၀၀နီးပါးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နောက်ဆုံးသတင်းအချက်အလက်များအရ သိရသည်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်တပ်ဖွဲ့ က ၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းမှု ၁၄၃,၄၇၀ခုကို ပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ၃၀ရာခိုင်နှုန်း များပြားလာကြောင်း ၎င်း၏ နှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

စုစုပေါင်းဖမ်းဆီးထိန်းသိမ်းမှု အနက် ၁၁၀,၅၆၈ ခု ကို ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် အလားတူကာလ ထက် ၄၂ရာခိုင်နှုန်း များပြားလာကြောင်း အစီရင်ခံစာအရသိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၀ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ ရက်တွင် အုပ်ချုပ်ရေးယန္တရား၏ လူဝင်မှုကြီးကြပ်ရေးဥပဒေစိုးမိုးရေး ကို ကြပ်မတ်စွာဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထရမ့်သည် မူဆလင်အများစုနေထိုင်သည့် နိုင်ငံများမှ နိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း၊ နိုင်ငံအတွင်းသို့ ကလေးငယ်များအဖြစ် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးခြင်းမှ ကာကွယ်ပေးသော ဥပဒေကို ဖျက်သိမ်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းဒုက္ခသည်အရေး နှင့် ကုလသမဂ္ဂမှ ဦးဆောင်သည့် လုံခြုံစိတ်ချပြီး အစီအစဉ်တကျဖြစ်သော ရွှေ့ပြောင်းမှုဆိုင်ရာ အစီအစဉ်မှ နှုတ်ထွက်ခြင်း စသည့် အငြင်းပွားဖွယ်မူဝါဒများကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထရမ့်အားထောက်ခံသူများက အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြ၍ ၎င်း၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ထောက်ခံကြိုဆိုခဲ့ကြသော်လည်း အခြားသူများက ယင်းမူဝါဒများကို လူတန်းစားခွဲခြားမှုအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.