Connect with us

North America

နယူးယောက်မြို့တွင် ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်ဝန်ထမ်းများရောက်ရှိလာစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်မြို့နယ် ရှိ ရပ်ကွက်တစ်ခု တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ရေနွေးငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲခဲ့ရာ ယာဉ်ကြောများပိတ်ဆို့ခဲ့ပြီး လမ်းမများကို ပိတ်ခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ဇူလိုင် ၁၉ ရက် နံနက် ၆း၄၀နာရီ တွင် မီးပူပုံစံ အထင်ကရ အဆောက်အအုံ မှ ဘလောက်အနည်းငယ်အကွာ၊ ရိပ်သာ(၅) လမ်း နှင့် ၂၁ လမ်းအနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လမ်းလယ်တွင် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့ကာ မီးခိုးများစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။နယူးယောက်မီးသတ်ဌာနက ပေါက်ကွဲမှုအား တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.