Connect with us

North America

အမေရိကန် နိုင်ငံ Alaska ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် ဖြစ်ပွား ခဲ့သည့် အမေရိကန် နိုင်ငံ Alaska ပြည်နယ် chernabura ကျွန်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆန်ဖရန်စစ္စကို ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက်နေ့ ၌ အမေရိကန် နိုင်ငံ Alaska ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ငလျင် သည် ဂရင်းနစ် စံတော်ချိန် ဇူလိုင် ၁၉ ရက် ၁၄ နာရီ ၁၆ မိနစ် တွင် ဖြစ်ပွား ခဲ့ပြီး chernabura ကျွန်း အနောက်တောင်ပိုင်း ၉၂ ကီလိုမီတာ တွင် မြေအောက်အနက် ၁၇.၁ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ် ခဲ့ကြောင်း ၊ ငလျင် ဖြစ်ပွား ပြီးနောက် ၁၇ မိနစ်ခန့် အကြာ တွင် နောက်ဆက်တွဲ ပြင်းအား ၄.၃ အဆင့် ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ Alaska ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ပစိဖိတ် သမုဒ္ဒရာ ဆိုနာမီ သတိပေး စင်တာ မှ ဆိုနာမီ သတိပေး ကြေညာချက် မထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။(Xinhua)