North America
နယူးယောက်မြို့အကြမ်းဖက်တိုက်ခိုက်ခံရ ၊ လူ ၈ ဦးသေဆုံး
နယူးယောက် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အနီး လမ်းလျှောက်သွားလာနေကြသူများအား ထရပ်ကားတစ်စင်းက ဝင်ရောက်တိုက်ခဲ့ပြီးနောက်တွင် လူ ၈ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အာဏာပိုင်များထံမှ ရရှိသော သတင်းအချက်အလက်များအရ ၎င်းတိုက်ခိုက်မှုအပေါ် “ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်သည့် သရဲဘောကြောင်သော လုပ်ရပ်” ဟု မြို့တော်ဝန် Bill de Blasio က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နယူးယောက်မြို့ရဲမှူးကြီး James O’ Neil က သံသယရှိသူမှာ အသက် ၂၉ နှစ်ရှိပြီး နယူးယောက်မြို့သား မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။၎င်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယူးယောက်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယူးယောက်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယူးယောက်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ဝ၅ မိနစ်တွင် ဟူစတန်လမ်းထဲရှိ West Side စက်ဘီး၊လူသွားလမ်းအတွင်းသို့အိမ်သုံးပစ္စည်းသယ်ယူပို့ဆောင်ရေး အငှားယာဉ် ထရပ်ကား တစ်စင်းကို ထိုအမျိုးသားက မောင်းနှင်ဝင်ရောက် ခဲ့ကြောင်း O’ Neil က ဆိုသည်။ ၎င်းဖြစ်စဉ်အတွင်း လမ်းလျှောက်နေသူများ နှင့် စက်ဘီးစီးနင်းနေသူများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းထရပ်ကားသည် လမ်းအတွင်း ကျောင်းကြိုဘတ်စ်ကားတစ်စင်း အားဝင်တိုက်ခဲ့ပြီး လူကြီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထရပ်ကားသမားသည် ကားပေါ်မှ ဆင်းပြေးခဲ့ပြီး ၎င်း၏ လက်ထဲတွင် ရော်ဘာဘောလုံးကျည်ထည့်ပစ်ရသော သေနတ်တစ်လက် နှင့် လူစုလူဝေးဖြိုခွဲရာတွင် အသုံးပြုသော သေနတ် အမျိုးအစားတစ်လက်ကို ကိုင်ဆောင်ထားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အောက်ဘက်မန်ဟတ်တန်ရပ်ကွက်၌ နှစ်ပတ်လည် ဟောလိုဝင်ပွဲ မကျင်းပခင် နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)