Connect with us

North America

စစ်မဲ့ဇုန်သို့ ထရမ့်သွားရောက်မည် မဟုတ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် သည် ၎င်း၏ လာမည့် အာရှခရီးစဉ်အတွင်း အချိန်ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယားနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက်လည်ပတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းခရီးစဉ်အစား ထရမ့်သည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ်တွင် မြို့တော် ဆိုးလ်မြို့ တောင်ဘက် ၆၀ကီလိုမီတာ အကွာခန့် ရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်အကြီးတန်း တာဝန်ရှိသူတစ်ဦး က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

သမ္မတသည် အချိန်ကန့်သတ်ချက်ရှိသောကြောင့် DMZ နှင့် Camp Humphreys စစ်အခြေစိုက်စခန်း နှစ်ခုအနက် တစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် Camp Humphreys စစ်အခြေစိုက်စခန်း သို့ မည်သည့် အမေရိကန်သမ္မတမျှ သွားရောက်လည်ပတ်ဖူးခြင်းမရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းက အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence) ၊ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson) နှင့် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် (Jim Mattis) တို့သည် အစောင့်အကြပ်ထူထပ်စွာချထားသည့် နှစ်နိုင်ငံ နယ်စပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

ထရမ့်၏ အာရှခရီးစဉ် သည် နိုဝင်ဘာ ၃ ရက်မှ ၁၄ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရောက်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာရှခရီးစဉ်အတွင်း ထရမ့်သည် ဗီယက်နမ်နိုင်ငံ၌ နိုဝင်ဘာ ၁၀ရက်မှ ၁၁ရက်အထိ ကျင်းပသွားမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ သို့တက်ရောက်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ နှစ် ၅၀ပြည့် အခမ်းအနားသို့တက်ရောက် သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.