North America
ပင်တဂွန်စစ်ဌာနချုပ် ယာယီ အကြီးအကဲ အဖြစ် ပက်ထရစ် ရှာနာဟန်အား ထရမ့်ခန့်အပ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဒုတိယ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန် (Patrick Shanahan) အား ပင်တဂွန်စစ်ဌာနချုပ် ယာယီအကြီးအကဲအဖြစ်ခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၃ရက်တွင်ကြေညာခဲ့သည်။
ရှာနာဟန်သည် ယင်းရာထူးနေရာအား ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁ရက်မှ စ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ထရမ့်က တွစ်တာစာမျက်နှာ၌ ဒီဇင်ဘာ ၂၃ရက် နေ့လည်ပိုင်းတွင်ရေးသားခဲ့သည်။
သမ္မတက ပက်ထရစ်သည် ဒုတိယ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းပြီးမြောက်မှုများစွာ ရှိခဲ့ပြီး ၎င်းသည် လူတော်တစ်ဦးဖြစ်ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။
ထရမ့်က လက်ရှိ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် (Jim Mattis) သည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ အကုန်တွင် ရာထူးမှအနားယူတော့မည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်အစောပိုင်းက ပြောကြားခဲ့ပြီးနောက် ယခုထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)