Connect with us

North America

ကျူးဘားနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်၌ နှေးကွေးခဲ့သော်လည်း လာမည့်နှစ်တွင် ၁.၅ ရာခိုင်နှုန်း တိုးမည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးဆို

ကျူးဘားနိုင်ငံမြိုတော်ဟာဗားနား သို့လာရောက်သောကမ္ဘာလှည့်ခရီးသွားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ကျူဘားနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ခုနှစ်၌ ၁.၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၉ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးဝန်ကြီးက ဒီဇင်ဘာ ၂၁ ရက်က ပြောကြားလိုက်ပါသည်။

“ နောက်နှစ် စီးပွားရေးအစီအစဉ်မှာတော့ နိုင်ငံရဲ့ နိုင်ငံခြားချေးငွေများ တိုးမြှင့်လာခြင်းမရှိဘဲ စီးပွားရေး တိုးတက်မှုနှင့် ဖွံဖြိုးမှု အာမခံချက်ရှိသော ငွေကြေး အရင်းအမြစ်များကိုသာ သုံးစွဲမှာဖြစ်ပါတယ်၊” စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး အလီဂျန်ဒရို ဂီလ် ဖာနန်ဒက်စ်က ပြောကြားသည်။

ပြည်ပငွေကြေးအခက်အခဲများ၊ အမေရိကန်၏ ပိုမိုပိတ်ဆို့အရေးယူမှုများနှင့် သဘာဝဘေးအန္တရာယ် သက်ရောက်မှုများကြောင့် ၂၀၁၈ ခုနှစ် စီးပွားရေးသည် မျှော်မှန်းထားသည့်ထက် နည်းပါးခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

သကြား၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ပို့ကုန်များသည် ၂၀၁၉ ခုနှစ် အတွင်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောခဲ့သည်။(Xinhua)