Connect with us

North America

မက္ကဆီကိုနိုင်ငံရဟတ်ယာဉ်ပျက်ကျမှုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းများ သေဆုံး

မက္ကဆီကိုနိုင်ငံ၌ ဒီဇင်ဘာ ၂၄ ရက်တွင် ပျက်ကျသွားသော ရဟတ်ယာဉ်အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

မက္ကဆီကို၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး မာသာအီရီကာအလွန်ဆို(Martha Erika Alonso) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရာဖေးလ်မိုရီနိုဗယ်လီ(Rafael Moreno Valle) တို့သည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြကြောင်း အမျိုးသားလှုပ်ရှားမှုပါတီ(PAN) အကြီးအကဲ မာကိုကော်တီစ်(Marko Cortes) က အတည်ပြုပြောကြားခဲ့သည်။

အလွန်ဆို နှင့် ၎င်း၏ခင်ပွန်း လက်ရှိ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရာဖေးလ်တို့နှစ်ဦးစလုံး သည် PAN ပါတီဝင်များဖြစ်ကြောင်း သိရသည်။

“ အီရီကာအလွန်ဆိုနဲ့ခင်ပွန်း ရာဖေးလ်တို့နှစ်ဦးအပါအဝင် အခြားအသက်ဆုံးရှုံးခဲ့ရသူများအတွက် အလွန်ထိခိုက်ကြေကွဲရပါတယ်” ဟု ကော်တီစ်က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံသမ္မတ လိုပက်ဇ်အော့ရာဒေါ(Andres Manuel Lopez Obrador) ကလည်း ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကို စုံစမ်းသွားရန် နှင့် ၎င်းအနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း တွစ်တာတွင်ရေးသားခဲ့သည်။

“ တာဝန်ရှိသူအနေနဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ကျွန်တော်ကတိပြုပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အမှန်ပြောနိုင်ဖို့လုပ်ဆောင်သွားမှာပါ” ဟု လိုပက်ဇ်အော့ရာဒေါက ဆိုသည်။

အခင်းဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်ပါဝန်ထမ်းများပါ အသက်သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.