Connect with us

North America

ပဲရစ်သဘောတူညီမှုကို အမေရိကန်က ပြန်လည်ဝင်ရောက် နိုင်ကြောင်း ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် နော်ဝေနိုင်ငံဝန်ကြီးချုပ် Erna Solberg တို့  အိမ်ဖြူတော်၌ တွေ့ ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ယခင်နှစ်က နုတ်ထွက်ကြောင်းကြေညာခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ပဲရစ်ရာသီဥတုပြောင်းလဲမှု သဘောတူညီချက် သို့ အမေရိကန်နိုင်ငံက ပြန်လည်ဝင်ရောက်ရန် “ စဉ်းစားနိုင်ကြောင်း” ဇန်နဝါရီလ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

နော်ဝေနိုင်ငံဝန်ကြီးချုပ် Erna Solberg နှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က “ ကျွန်တော်တို့ဟာ ပြန်လည်ဝင်ရောက်ဖို့စဉ်းစားနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သို့သော် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်မှတ်ရေးထိုးခဲ့သော ပဲရစ်သဘောတူညီချက်တွင် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးယက်စ် လျှော့ချပြီး ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်သွားရန် ရည်မှန်းချက်မှာ အမေရိကန်နိုင်ငံအတွက် “ လုံးဝမျှတမှုမရှိကြောင်း” နှင့် “ ဆိုးရွားသော သဘောတူညီမှုဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“ ပဲရစ်သဘောတူညီချက်ဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုကို အမှန်တကယ်အဝေးကို ရောက်သွားစေမှာပါ။ ကျွန်တော်တို့ဟာ အဲဒီဖြစ်စဉ်ကို အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်က အဲဒီလို အဖြစ်မခံပါဘူး ” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ စကားလုံးအဓိပ္ပါယ်မှာ ၎င်း၏ ရပ်တည်ချက်ကို လွန်ခဲ့သော တစ်နှစ်မှစ၍ အမှန်တကယ်မပြောင်းလဲဘဲ ရပ်တည်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ လွန်ခဲ့သောနှစ် ဇွန်လတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံအား ကမ္ဘာ့သဘောတူညီချက်မှ ထွက်သွားစေကာ ၊ တစ်နိုင်ငံတည်း လက်မှိုင်ချစေခဲ့ပြီး နိုင်ငံတကာအတွက် ပျက်ရယ်ပြုစရာတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.