Connect with us

North America

အမေဇုန် အမှုဆောင်အရာရှိချုပ်က သမိုင်းတစ်လျှောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ

အမေဇုန် (Amazon) အရာရှိချုပ် Jeff Bezos အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အမေဇုန် (Amazon) အရာရှိချုပ် Jeff Bezos သည် လက်ရှိတွင်သာမက အမြဲတမ်းကာလအတွက် ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရသည်။

Bloomberg နှင့် ဖို့ဘ်မဂ္ဂဇင်း နှစ်ခုလုံးက Bezos အား ဘီလျံနာစာရင်းများ၏ ထိပ်ဆုံးနေရာ၌ သွင်းလိုက်သည်။ Bloomberg ၏ စာရင်းအရ Bezos ၏ အသားတင် ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံ ရှိကြောင်း ဖော်ပြထားသလို ဖို့ဘ်ကမူ ၁၀၅ ဘီလီယံရှိကြောင်း ဇန်နဝါရီလ ၁၀ ရက်က ဖော်ပြခဲ့သည်။

ယခင်စံချိန်အား မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်က ၁၉၉၉ ခုနှစ်က ရရှိခဲ့သည်။

Bezos ၏ အသားတင်ပိုင်ဆိုင်မှု အများစုသည် ၎င်းပိုင်ဆိုင်သော အမေဇုန် စတော့ခ်ရှယ်ယာ ၇၈.၉ သန်းမှ ရရှိခြင်း ဖြစ်သည်။ အမေဇုန်ရှယ်ယာများသည် ၂၀၁၇ ခုနှစ်အတွင်း ၅၇ ရာခိုင်နှုန်းနီးပါး တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ စာရင်းနှစ်ခုလုံးတွင် ဘီလ်ဂိတ်က အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၉၂ သန်းဖြင့် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည်။ အကယ်၍ ဘီလ်ဂိတ်အနေဖြင့် အရေးပါသော ကူညီလှူဒါန်းမှုများအား မပြုလုပ်ဘူးဆိုပါက ၎င်း၏ ပိုင်ဆိုင်မှုသည် Bezos ၏ ပိုင်ဆိုင်မှုထက် ပိုမိုသာလွန်ကြောင်း အချို့က ပြောကြားခဲ့သည်။

Bloomberg ၏အဆိုအရ ဂိတ်သည် ၁၉၉၆ ခုနှစ်မှစ၍ ယနေ့ခေတ်ပေါက်ဈေးအားဖြင့် ဒေါ်လာ ၆၁.၈ ဘီလီယံ တန်ဖိုးရှိသော မိုက်ခရိုဆော့ဖ် ရှယ်ယာ သန်း ၇၀၀ နီးပါးနှင့် ငွေသား ၂.၉ ဘီလီယံ ပေးလှူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.