Connect with us

North America

ပြည်ပသို့ ရေနံတင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရေး ဥပဒေကြမ်းအား အမေရိကန် အောက်လွှတ်တော် ခွင့်ပြု

အမေရိကန် ပြည်ထောင်စု ကွန်ဂရက် အဆောက်အအုံ (ဓာတ်ပုံ-wikipedia)

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ ပြည်ပသို့ ရေနံတင်ပို့မှုအား နှစ်ပေါင်းလေးဆယ်ကြာ ပိတ်ပင်ထားမှု ရုပ်သိမ်းရေး ဥပဒေ မူကြမ်းကို အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်များက အောက်တိုဘာလ ၈ ရက်နေ့က ခွင့်ပြုလိုက်သော်လည်း နောက်ပိုင်းတွင် အိမ်ဖြူတော်က ဗီတို အာဏာဖြင့် ပယ်ချနိုင်မည်လော ဆိုခြင်းကမူ မသေချာ သေးပေ။

အဆိုပါ မူကြမ်းအား မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၅၉ မဲဖြင့် အောက်လွှတ်တော် ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် အာရပ် နိုင်ငံများက အနောက်နိုင်ငံများသို့ ရေနံ တင်ပို့မှုအား ပိတ်ပင်ခဲ့မှုအား တုံ့ပြန်ရန် ထိုကဲ့သို့ ပြည်ပသို့ ရေနံတင်ပို့မှုကို အမေရိကန်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အမေရိကန် ပြည်တွင်းမှ ရေနံ ဈေးနှုန်းများသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ ပြီးနောက် ၁၉၇၅ ခုနှစ် ဒီဇင် ဘာလတွင်တော့ ပြည်ပသို့ ရေနံတင်ပို့ခွင့်အား အမေရိကန်နိုင်ငံက ပိတ်ပင် ခဲ့သည်။

သို့ရာတွင် ယခု မူကြမ်း၌ ဒီမိုကရက်မှ ၂၆ ဦးသာ ထောက်ခံကြောင်း မဲပေးခဲ့ကြရာ သမ္မတ၏ ဗီတိုအာဏာအား ပယ်ဖျက်နိုင်ရန် အတွက် ထောက်ခံမဲ ၂၉၀ ရရှိရန် လိုအပ်မည် ဖြစ်သည်။ လက်ရှိ ရေနံ ထုတ်လုပ်နိုင်မှုသည် တင်ပို့ခွင့် ပိတ်ပင်ကြောင်း ဥပဒေ ပြဋ္ဌာန်းစဉ်ကနှင့် အခြေအနေချင်း မတူညီ တော့ကြောင်း နှင့် လက်ရှိ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်သူ ဖြစ်လာကြောင်းနှင့် အမေရိကန် ရေနံစိမ်း ထုတ်လုပ်မှုသည် သမိုင်းတွင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်း ယင်း ဥပဒေမူကြမ်းအား ထောက်ခံသူ လွှတ်တော် ကိုယ်စားလှယ်များက ယုံကြည် ထားကြသည်။

“ရေနံ လုပ်ငန်းအတွက် ဈေးကွက်သစ် ရှာဖွေဖို့ လိုအပ်နေပြီ၊ ဒီလိုမျိုး ကန့်သတ်ထားခြင်းက စီးပွားရေး အတွက် အကာအကွယ် မဖြစ်စေဘူး” ဟု မစ္စစ္စပီ ပြည်နယ်၏ လွှတ်တော် ကိုယ်စားလှယ် ဂရက်ဟာပါ ကပြောသည်။သို့သော်လည်း အောက်တိုဘာလ ၈ ရက်ကမူ အိမ်ဖြူတော်က “အချိန်မတိုင်သေးကြောင်း” ဟူသော အဆိုဖြင့် အဆိုပါ မူကြမ်းအား ဗီတို အာဏာဖြင့် ပယ်ချရန် ခြိမ်းခြောက် ခဲ့ပါသေးသည်။

ဥပဒေပြု အထက်လွှတ်တော်၊ စွမ်းအင်နှင့် သဘာဝ အရင်းအမြစ် ကော်မတီနှင့် ဘဏ္ဍာရေး ကော်မတီတို့ကလည်း ရေနံတင်ပို့မှု ကန့်သတ်ချက် ရုပ်သိမ်းခြင်းဆိုင်ရာ အလားတူ ဥပဒေ မူကြမ်းများအား လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် အတွင်းက ခွင့်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.