Connect with us

North America

မက္ကဆီကို မူးယစ် ခေါင်းဆောင်အား ပြန်လည် ဖမ်းဆီးရ မိသော်လည်း ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့

မက္ကဆီိကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်း အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက မက္ကဆီိကို တပ်သားများမှ ဖမ်းဆီးထားစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

မက္ကဆီကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်းအား မက္ကဆီကို နိုင်ငံ အနောက်မြောက်ပိုင်းတွင် ပြန်လည် ဖမ်းဆီးရမိခဲ့သော်လည်း လုံခြုံရေး အစောင့်အကြပ်များ ကြားမှ ဒဏ်ရာများဖြင့် ပြန်လည် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း မက္ကဆီကို အစိုးရက အောက်တိုဘာ ၁၆ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။

ထိုသို့ ထွက်ပြေးစဉ်တွင် ဂတ်ဇ်မန်းသည် ခြေထောက်နှင့် မျက်နှာတွင် ရရှိထားသော ဒဏ်ရာများ ရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယင်း ဒဏ်ရာများသည် ဖမ်းဆီးစဉ်ကနှင့် တိုက်ရိုက် မပတ်သက်ကြောင်း သတင်းထုတ် ပြန်ချက်တွင် အလေးအနက်ထား ဖေါ်ပြ ထားသော်လည်း အသေးစိတ် အကြောင်းအရာများ ကိုမှု ဖော်ပြထား ခြင်းမရှိသေးပေ။

မက္ကဆီကို မူးယစ်ခေါင်းဆောင် အယ်လ်ချာပို ဂတ်ဇ်မန်း ဇူလိုင် လအတွင်းက ထွက်ပြေး လွတ်မြောက် သွားသော လိုဏ်ခေါင်းအား ရဲအရာရှိများက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဆီနာလိုအာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန်းသည် မက္ကဆီကို စီးတီး အပြင်ဘက် လုံခြုံရေး အင်အား တောင့်တင်းသော အယ်လ်တစ်လန်နို အကျဉ်းထောင်မှ ၁.၅ ကီလိုမီတာ ရှည်သော လိုဏ်ခေါင်း တစ်ခု ဖောက်လုပ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ၎င်းလွတ်မြောက် သွားခဲ့ခြင်းက လူထုအကြား မကျေမနပ် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ဝရမ်းပြေး မူးယစ်ခေါင်းဆောင်အား ဖမ်းဆီးမိနိုင်ရေး အတွက် နိုင်ငံ၏ အနောက်မြောက်ဘက်တွင် ဦးတည်ချက်ထား၍ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂတ်ဇ်မန်းအား ပြန်လည် ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု အစိုးရက ပြောကြားထား သည်။ (Xinhua)