Connect with us

North America

ဘရာဇီးနိုင်ငံက အကြီးဆုံး အသားထုတ်လုပ်မှု ကုမ္ပဏီ ၏ လုပ်ငန်းများ ယာယီရပ်ဆိုင်း

JBS ကုမ္ပဏီ၏ အသားထုတ်လုပ်မှု လုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရို၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး အသားထုတ်လုပ်မှုကုမ္ပဏီ ဖြစ်သည့် ဘရာဇီးနိုင်ငံမှ JBS ကုမ္ပဏီက နိုင်ငံအတွင်းရှိ ၎င်း၏ စက်ရုံ ၃၆ခုအနက် ၃၃ခု၏ အသားထုတ်လုပ်မှုအား သုံးရက်ကြာ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ JBS က နိုင်ငံများစွာသည် ၎င်းတို့၏နယ်စပ်ကို ဖြတ်၍ ဘရာဇီးမှ အသားတင်ပို့မှုများကို ပိတ်ပင်လိုက်သည့် အတွက် အသားထုတ်လုပ်မှုအား ချိန်ညှိရန် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဘရာဇီးနိုင်ငံအတွင်းရှိ အသားထုတ်လုပ်သူများသည် ဓါတုဆေးဝါးများကို အသုံးပြု၍ ရက်လွန်အသားများအား မပုပ်မသိုးစေဘဲ ရောင်းချခဲ့သည့်အတွက် ယင်းသို့ ပိတ်ပင်များဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။JBS၏ လက်အောက်ခံ Seara ကုမ္ပဏီမှ ပိုင်ဆိုင်သော အသားထုတ်လုပ်မှု စက်ရုံတစ်ခု သည်လည်း ဓါတုဆေးဝါးများ အသုံးပြုမှုဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေသော စက်ရုံများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ပြီးခဲ့သည့် တစ်ပတ်က အဖြစ်မှန်ပေါ်ပေါက်ခဲ့သော ၂နှစ်ကြာ စုံစမ်းစစ်ဆေးမှုကြီး အပြီးတွင် JBS ကုမ္ပဏီအပါအဝင် အခြားနာမည်ကြီး အသားထုတ်လုပ်သော ကုမ္ပဏီများသည် ပုပ်သိုးအသားများအား ဓါတုဆေးဝါးများအသုံးပြု၍ ပြုပြင်ကာ ယင်းအသားများအား ပြည်ပသို့ တင်ပို့နိုင်ရန် စိုက်ပျိုးမွေးမြူရေး အရာရှိများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။အချို့အသားထုတ်လုပ်သည့် ကုမ္ပဏီများသည် အသားများ၏ ကုန်ဆုံးရက်အား ပြောင်းလဲခြင်း၊ ကြက်သားများအလေးချိန်တိုးလာစေရန် ရေထိုးခြင်း တို့အပြင် ပုပ်သိုးအသားများအား အက်စစ်များဖြင့် ပြုပြင်ပြောင်းလဲခြင်းတို့အထိ မသမာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဘရာဇီး အစိုးရ က ယင်းမသမာမှုများပြုလုပ်ခဲ့သည်ဟု ယူဆရသော ကုမ္ပဏီ ၂၁ခု မှ အသားတင်ပို့မှုများကို အချိန်အတိုင်းအတာတစ်ခုအထိ တားမြစ်ခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ သည် ကမ္ဘာ့အကြီးဆုံး အမဲသား နှင့် ကြက်သား တင်ပို့သူဖြစ်ပြီး စတုတ္ထမြောက် အကြီးဆုံး ဝက်သား တင်ပို့သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ ဘရာဇီးမှ အသားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံ ရှိခဲ့ပြီး နိုင်ငံအားလုံးမှ အသားတင်ပို့မှု ၏ ၇ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.