Connect with us

North America

မက္ကဆီကန် ကာရေဘီယံ အပန်းဖြေ စခန်း၌ ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၈ ဦး သေဆုံး

မက္ကဆီကို နိုင်ငံ Quintana Roo ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွင်း ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည့် အခင်းဖြစ် နေရာအား တွေ့ ရစဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အရှေ့တောင်ပိုင်း Quintana Roo ပြည်နယ်ရှိ Bacalar ခရီးသွား အပန်းဖြေ စခန်း တစ်ခု အနီး အဝေးပြေး လမ်းမပေါ်တွင် ဇူလိုင် ၃၁ ရက် အစောပိုင်းက ကုန်တင်ယာဉ်ကို လက်နက်ကိုင်များက ပစ်ခတ်ခဲ့သောကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး အခြား ၂ ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ပြည်နယ် ရှေ့နေချုပ်ရုံး၏ ပြောကြားချက် အရ သံသယ ရှိသူများသည် Limones မြို့နှင့် Felipe Carrillo Puerto မြို့တို့ကို ချိတ်ဆက်သည့် အဝေးပြေး လမ်းမ တစ်လျှောက်တွင် ယာဉ်အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပမာဏ စုံစမ်း စစ်ဆေးမှုများ အရ ပစ်ခတ်ခံခဲ့ရသော ခရီးသွားများသည် အိမ်နီးချင်း Yucatan ပြည်နယ်မှ ပန်းကန်ပြားများ သယ်ဆောင်လာသော အနီရောင် ပစ်ကပ် ကုန်တင်ကားပေါ်တွင် လိုက်ပါလာစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်သူများသည် သေနတ်ဖြင့် အချက်ရေ ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းပစ်ခတ်မှုတွင် ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ Cancun မြို့၏ တောင်ဘက် ၃၄၀ ကီလိုမီတာ ကွာဝေးသော Bacalar မြို့ရှိ ဆေးရုံ တစ်ခုသို့ပို့ဆောင်ခဲ့ပြီး အာဏာပိုင်များက တိုက်ခိုက်သူများကို ပြည်နယ်အနှံ့စတင် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍတွင် ဦးဆောင်နေသည့် Cancun မြို့နှင့် Quintana Roo ပြည်နယ်တို့သည် မူးယစ်ဆေးဝါး နှင့် ဆက်စပ်နေသည့် အကြမ်းဖက်မှုများကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ပြည်နယ် အတွင်း လူသတ်မှု အရေအတွက်မှာ တဟုန်ထိုး မြင့်တက်ခဲ့ပြီး ယင်းအရေအတွက်များမှာ ၂၀၁၉ ခုနှစ် ပထမ လများတွင် ဆက်လက် အမြင့်ဆုံး ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.