Connect with us

North America

အီရန်နိုင်ငံခြားရေးဝန်ကြီးကို ပိတ်ဆို့မှုများပြုလုပ်မည်ဟု အမေရိကန် အစိုးရ ကြေညာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် အစိုးရက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

မိုဟာမက် ဂျာဗက်ဇာရစ်ဖ်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် အီရန် အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) ၏တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီးပြုသည့် မူဝါဒအတိုင်း လိုက်နာ၍ အကောင်အထည်ဖော်ဆောင်ရွက်နေရာ အမေရိကန်အနေဖြင့် အီရန် အပေါ် သံတမန်ရေးအရ ဖယ်ကြဉ်ခြင်းနှင့် အဆုံးခန်းတိုင်ဖိအားပေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က ဇူလိုင် ၃၁ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ပိတ်ဆို့မှု များအတွက် အမေရိကန်ရှိ ပိုင်ဆိုင်မှုများက အသုံးမပြုနိုင်အောင် ရပ်စဲထားမည်ဖြစ်ပြီး အမေရိကန် နိုင်ငံသားများကိုလည်း ၎င်းတို့နှင့် ကုန်သွယ်ရေးအသွားအလာလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြ ထားသည်။ ပိတ်ဆို့ခံထားရသော လူပုဂ္ဂိုလ် သို့မဟုတ် ဌာနနှင့် စီးပွားရေးအသွားအလာပြုလုပ်သည့် နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်းများကလည်း ပိတ်ဆို့မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။

မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ၎င်းအနေဖြင့် ပြည်ပတွင် အခြားပိုင်ဆိုင်မှုမရှိ ၊ အမေရိကန်၏ပိတ်ဆို့မှုက ၎င်းနှင့် ၎င်း၏မိသားစုအပေါ် မည်သည့် သက်ရောက်မှုမျှမရှိဟု လူမှုမီဒီယာတွင် တုံ့ပြန်ပြောဆိုထားသည်။

ယခုနှစ် ဇွန် ၂၄ ရက်က အီရန် အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ နှင့် ၎င်းဦးဆောင်သော ဌာနများကို ပိတ်ဆို့မည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ကြေညာခဲ့ရာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်း( Steven Mnuchin )ကလည်း မိုဟာမက် ဂျာဗက်ဇာရစ်ဖ် ကိုလည်း မကြာမီ ပိတ်ဆို့မှုများပြုလုပ်သွားရန် ထရမ့်က တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)