North America
မက္ကဆီကိုနိုင်ငံတွင် သတင်းထောက် တစ်ဦး ပစ်သတ်ခံရ

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏သား မူလတန်းကျောင်း၌ ပြုလုပ်သော ခရစ္စမတ်ပွဲ တက်ရောက်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော သေနတ်သမားများသည် Veracruz ပြည်နယ် တောင်ဘက်ပိုင်းရှိ Acayucan မြို့ရှိ စာသင်ကျောင်းတွင် မိဘများနှင့် ကလေးများရှေ့၌ သတင်းထောက် Gumaro Perez Aguilando အား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
Perez သည် Voz del Sur (Voice of the South) နေ့စဉ် သတင်းစာအတွက် မှုခင်းသတင်းများ ရေးသားသူဖြစ်ပြီး Veracruz ရှိ အခြား သတင်းထောက် တစ်ဦး အသတ်ခံရမှုအတွက် “တရားမျှတမှုအတွက် လတ်တလော လက်မှတ်ထိုး တောင်းဆိုခြင်း” ၌ ပါဝင်ခဲ့သူဖြစ်ကြောင်း မက္ကဆီကန် နေ့စဉ်သတင်းစာ El Financiero တွင် ဖော်ပြထားသည်။
အသက် ၃၄ နှစ်အရွယ် Perez သည် ယင်းပြည်နယ်အတွင်း တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မြို့များစွာအနက် တစ်ခုဖြစ်သော Acayucan မြို့၏ မြို့တော်ခန်းမအတွက် လုပ်ကိုင်နေသူလည်း ဖြစ်သည်။
Veracruz ပြည်နယ် အုပ်ချုပ်ရေးမှူး Miguel Angel Yunes က ယင်း ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေများအထူးအဖွဲ့အား တာဝန်ပေးထားကြောင်းနှင့် ၎င်း၏ မိသားစုအား အကာအကွယ်ပေးရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း တွစ်တာပေါ်၌ ရေးသားထားသည်။ (Xinhua)