Connect with us

North America

မက္ကဆီကို နိုင်ငံ Quintana Roo ပြည်နယ်တွင် ယဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး သေဆုံး

မက္ကဆီကို နိုင်ငံ Quintana Roo ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ယဉ်မတော်တဆမှု ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ Quintana Roo ပြည်နယ်တွင် အစိုးရ က ဒီဇင်ဘာ ၁၉ ရက်နေ့၌ ပြည်နယ်အတွင်း ယဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အစိုးရ ထုတ်ပြန်ချက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စင်း သည် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မောင်းနှင်နေစဉ် အတွင်း ကားဘီးပေါက်ခဲ့ရာ ထိန်းချုပ် နိုင်ခြင်းမရှိတော့ဘဲ ယဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ကြောင်း ၊ ဘတ်စ်ကား ပေါ်တွင် အများစုအားဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လိုက်ပါခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်းရှိ ရှေးဟောင်း ဒေသ များသို့ သွားရောက် သုတေသနပြု လည်ပတ်ရန် ရည်ရွယ်ထားကြောင်း ပါဝင် ခဲ့သည်။

မက္ကဆီကို နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ ကယ်ဆယ်ရေး ဝန်ထမ်းများ အနေဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွား ခဲ့ပြီး ဖြစ်ကာ ခရီးသွား လုပ်ငန်း ကုမ္ပဏီ အနေဖြင့်လည်း သေဆုံး ဒဏ်ရာရရှိသူများ၏ မိသားစု နှင့် အဆက်အသွယ် ရရှိရန် ဆောင်ရွက် နေကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဒီဇင်ဘာ ၂၀ ရက်နေ့၌ မက္ကဆီကို နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယဉ်မတော်တဆမှု တွင် အမေရိကန် နိုင်ငံသား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.