Connect with us

North America

မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း အရက်ဘားတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၅ ဦး သေဆုံး

မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း Quintana Rooပြည်နယ် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး လူ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိလူတစ်စုက ဖေဖော်ဝါရီ ၁၅ ရက်ညတွင် Quintana Rooပြည်နယ် Cancún မြို့ရှိ အရက်ဘားတစ်သို့ ဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာများက ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်သူများက ပစ်ခတ်မှုအပြီးတွင် အလျှင်အမြန်ကားမောင်းထွက်ပြေးသွားကြောင်း ၊အချင်းဖြစ်နေရာတွင် လက်နက်အချို့ ကျန်ရစ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ၊ ဒေသခံရဲတပ်ဖွဲ့ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Cancúnမြို့သည် မက္ကဆီကို၏ နာမည်ကျော် ကမ်းခြေခရီးသွားနေရာတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်ပိုင်းများတွင် အကြမ်းဖက်မှုများ တိုးပွားလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.