Connect with us

North America

တရုတ်နိုင်ငံ၌ Starbucks က ပထမဦးဆုံး အီတလီ အစားအစာ စားသောက်ဆိုင် ဖွင့်လှစ်မည်ဟု ကြေညာ

Starbucks ကော်ဖီဆိုင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ Starbucks ကော်ဖီ ကုမ္ပဏီက အီတလီ ဟင်းလျာများ နှင့် ဖျော်ရည် အမျိုးမျိုးအား အဓိက ပါဝင်သော ပထမဦးဆုံး အီတလီ အစားအစာ စားသောက်ဆိုင် ဖွင့်လှစ်သွားမည်ဟု ကုမ္ပဏီဘက်မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ထိုသို့ဖွင့်လှစ်ရခြင်းသည် Starbucks ကော်ဖီ ကုမ္ပဏီက တရုတ်နိုင်ငံ၌ ရေရှည် လုပ်ဆောင်ရန် အဆိုပြုမှုများ တိုးတက်လာရန် ကုမ္ပဏီမှ အားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။

အီတလီ အစားအစာ စားသောက်ဆိုင်အသစ်အား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ Starbucks ကုမ္ပဏီက အီတလီ မုန့်လုပ်ငန်း Rocco Princi နှင့် ပူးပေါင်း၍ ဖွင့်လှစ်သွားမည် ဖြစ်ကာ Princi မုန့်လုပ်ငန်းမှ လတ်လတ် ဆတ်ဆတ် ပြုလုပ်ထားသော အီတလီ အစားအစာများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့တွင် အီတလီ အစားအသောက်များ အမှန်အကန် ကြိုက်နှစ်သက်သူများ အတွက် အီတလီ မုန့်လုပ်ငန်း Rocco Princi က ပြည်တွင်းမှ လတ်ဆတ်သော ပါဝင် ပစ္စည်း အမျိုးအစား ၅၀ ကျော်အား ရွေးချယ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ထိုအီတလီ စားသောက်ဆိုင်တွင် ကော်ဖီ နှင့် အီတလီ ရိုးရာ ကော့တေး ၊ ဝိုင် တို့အပြင် အစားအသောက် ဟင်းလျာ စာရင်းအား တိုးချဲ့ပေးထားကြောင်း သိရသည်။Starbucks ကော်ဖီ ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၅၈ မြို့တွင် ဆိုင်ပေါင်း ၃,၇၀၀ ကျော် ဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အီတလီ မုန့်လုပ်ငန်း Rocco Princi သည် ၎င်း၏ ပထမဆုံး မုန့်လုပ်ငန်းအား ၁၉၈၆ ခုနှစ်တွင် အီတလီနိုင်ငံ မီလန်မြို ့၌ ဖွင့်လှစ်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ ချီကာဂို ၊ နယူးယောက် နှင့် လန်ဒန်မြို့တို့တွင် ဆက်လက် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Starbucks ကုမ္ပဏီ နှင့် အတူ ပူးပေါင်းခဲ့ကာ ကမ္ဘာတစ်ဝှမ်းရှိ Starbucks Reserve Roasteries ဆိုင်များ အတွက် မုန့်ပစ္စည်းများ တစ်ဦးတည်း ထောက်ပံ့သူ ဖြစ်လာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.