Connect with us

North America

မက္ကဆီကိုစီးတီး ဆင်ခြေဖုံးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုစီးတီးရှိ အစ်ဇ်တာပလာပါနယ်မြေတွင် ဖေဖော်ဝါရီလ ၁၇ ရက်က လမ်းနံဘေးပါတီပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ်ဇ်တာပလာပါနယ်မြေ လော့စ် ရီးယက်စ် ကယ်ဟွာကန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုစီးတီး၏ အစိုးရရှေ့နေရုံးက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဘုရားကျောင်းနံဘေး ပါတီတစ်ခုတွင် အရက်သောက်နေသည့် လူအုပ်စုအနီးသို့ ပြစ်မှုကျူးလွန်သူ ၄ ဦး ချဉ်းကပ်လာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

မျက်မြင်သက်သေများ၏အဆိုအရ သေနတ်သမားများက အဖြူရောင်ကားပေါ်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.