North America
မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းတွင် ညကလပ် မီးလောင်မှုကြောင့် လူ ၂၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းရှိ ညကလပ်တစ်ခုတွင် သြဂုတ်လ ၂၇ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ နိုင်ငံအရှေ့ပိုင်း ဗာရက်ခရုဇ်ပြည်နယ်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော Coatzacoalcos ရှိ ဘားတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရရှေ့နေချုပ်ရုံးက သန်းခေါင်ယံတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းဖြစ်ရပ်တွင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၁၅ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၃ ဦးမှာ ပြင်းထန်သောဒဏ်ရာများဖြင့် ဆေးရုံများ၌ ကုသမှုခံယူခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
ဒေသခံအာဏာပိုင်များက မီးလောင်ရသည့်အကြောင်းရင်းနှင့် မီးလောင်မှုမှာ တမင်ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)