Connect with us

North America

မက္ကစီကိုနိုင်ငံရှိ ညကလပ်တစ်ခု မီးလောင်မှုတွင် ၂၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ဦးအထိရှိလာ

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

မက္ကစီကိုစီးတီး၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မက္ကစီကိုနိုင်ငံအရှေ့ဘက်ရှိ ဘားတွင် သြဂုတ်လ ၂၇ ရက် ညကဖြစ်ပွားခဲ့သော မီးလောင်မှု၌ သေဆုံးသူ ၂၆ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦး အထိရှိလာကြောင်း ပြည်နယ်အစိုးရရုံးက သြဂုတ် ၂၈ ရက် တွင် ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဗာရက်ခရုဇ်ပြည်နယ်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော Coatzacoalcos ရှိ ဘားတစ်ခုတွင် သြဂုတ်၂၇ ရက်တွင် ဖြစ်ပွားခဲ့ပြီးနောက် ဘားအတွင်းရှိ အရေးပေါ်ထွက်ပေါက်အားပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြင်းထန်သည့်မီးလောင်မှုဖြစ်စဉ် တွင် အမျိုးသမီး ၁၀ဦးအပါအဝင် အများစုမှာ အသက်ရှုကျပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်သူများက ဘားအတွင်းသို့ ဓာတ်ဆီပုလင်းဗုံး ကို ပစ်ခဲ့ပြီး မီးလောင်ပြီးသည့်နောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အစောပိုင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ပြိုင်ဘက်မူးယစ်ဆေးဝါးရောင်းချသူများက Coatzacoalcos မြို့ရှိ ဘားနှစ်ခု၏ ပိုင်ရှင်ကို လက်စားချေတိုက်ခိုက်ပြီးနောက် ဧပြီလ တွင် ရေနံချက်စက်ရုံများတည်ရှိရာ Minatitlan မြို့ တွင် မိသားစုစုံညီပွဲတော် ၌ အကြမ်းဖက်သမားတစ်ဦးက လူ ၁၄ ဦးကို သတ်ခဲ့ကြောင်း ရဲ၏ အစီရင်ခံစာအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117