North America
မက္ကဆီကို ရေတပ် က ပစိဖိတ်ကမ်းရိုးတန်းအလွန်တွင် ကိုကင်း ၇၂၅ကီလိုဂရမ် ဖမ်းဆီးရမိ

မက္ကဆီကို စီးတီး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တောင်ပစိဖိတ်ကမ်းရိုးတန်း ရှိ Guerrero ပြည်နယ် အလွန် ရေပြင်ရှိ လှေတစ်စီး ပေါ်မှ ကိုကင်း ၇၂၅ကီလိုဂရမ် နှင့်အတူ အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း မက္ကဆီကို ရေတပ်ဝန်ကြီးဌာန က သြဂုတ် ၂၂ရက်တွင် ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက လေကြောင်းထောက်လှမ်းရေးများက Guerrero ပြည်နယ် အရှေ့တောင်ဘက် ရေမိုင် ၄၀မိုင် ၌ လှေတစ်စီးအား ထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးမှုများကို သြဂုတ် ၂၂ရက်တွင် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရေယာဉ်အား တားဆီးရန် လှေ ၇စီး နှင့် လေယာဉ် ၂စင်း စေလွှတ်ခဲ့ပြီး ရေယာဉ်ပေါ်တွင် အလေးချိန် ၇၂၅ကီလိုဂရမ် ရှိ ကိုကင်းထုပ် ၅၉၉ထုပ်ကို တာဝန်ရှိသူများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကမ်းရိုးတန်းများမှ တစ်ဆင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ မြင့်တက်လာ၍ လွန်ခဲ့သော ၂နှစ်မှစ၍ မက္ကဆီကို ရေတပ်သည် ပစိဖိတ်ကမ်းရိုးတန်းတွင် ထောက်လှမ်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)