Connect with us

North America

ထရမ့် နှင့် အာဘေး တို့ ဖုန်းဖြင့် ဆက်သွယ်၍ မြောက်ကိုရီးယားအရေးဆွေးနွေး

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ယာ) တို့အား ၂၀၁၈ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ၌တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၂၃ (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် က အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သြဂုတ် ၂၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအရေး နှင့် လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နှစ်နိုင်ငံ တွေ့ဆုံမှုများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Sanders က ထရမ့် နှင့် အာဘေး တို့သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ပြင်းထန်သည့် ပိတ်ပင်တားမြစ်မှုများ ဆက်လက်ဆောင်ရွက်သွားရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအတွင်း သဘောတူခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန် နှင့် ကုလသမဂ္ဂ က မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော ပိတ်ပင်တားမြစ်မှုများကို ချိုးဖောက်မှုဖြင့် အဖွဲ့အစည်း ၂ခု နှင့် သင်္ဘော ၆စီး အား ပိတ်ပင်တားမြစ်ခဲ့ပြီး ၎င်းတို့သည် မြောက်ကိုရီးယားအလံတင် သင်္ဘောများ နှင့် ရေနံထုတ်ကုန်များအား ကူးပြောင်းပို့ဆောင်ပေးမှုတွင် ပါဝင်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန က ပြစ်တင်စွပ်စွဲထားကာ ယင်းလုပ်ဆောင်မှုမျိုးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က တားမြစ်ထားကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်အား နောက်ဆုံးတွင် အပြည့်အဝ စွန့်လွှတ်နိုင်သည်အထိ ပိတ်ပင်တားမြစ်မှုများကို ချိုးဖောက်မှုကြောင့်ရရှိလာမည့် အကျိုးဆက်များသည် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောကြားခဲ့သည်။

ထရမ့် က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် တွေ့ဆုံနိုင်ခြေများပြားကြောင်း သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယင်း ဆောင်ရွက်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် အထူးဆောင်ရွက်ချက်များကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၂ ရက် ကပြုလုပ်ခဲ့သော ထရမ့်-ကင် တွေ့ဆုံပွဲပြီးနောက် ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက် ၌ ကင် က ကိုရီးယားကျွန်းဆွယ် အတွင်း ပြီးပြည့်စုံသော နျူကလီးယားကင်းစင်မှု ဖြစ်ပေါ်လာစေရန် ၎င်း၏ ရည်ရွယ်ချက်ကို မယိမ်းမယိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ထရမ့်က မြောက်ကိုရီးယားနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာအာမခံချက် ကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးအသစ်တည်ဆောက်ရန် နှင့် ကိုရီးယားကျွန်းဆွယ်အတွင်း တည်ငြိမ်သော ဒေသတစ်ခုတည်ဆောက်ရန် အတွက်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.