Connect with us

North America

မက္ကဆီတွင် အင်အား ၆.၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

စက်တင်ဘာ ၇ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးနေစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အရှေ့တောင်ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် က ရစ်ချ်တာစကေး ၆.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားငလျင်တိုင်းတာရေးဋ္ဌာနကပြောကြားခဲ့သည်။

ဋ္ဌာန၏ပြောကြားချက်အရ ငလျင်သည် Oaxaca ပြည်နယ် နှင့် အနီးအနားရှိ ရေပြင်တွင် မြေအောက် အနက် ၇၅ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် ညနေ ရး၅၂နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မက္ကဆီကို စီးတီးတွင် ငလျင် သတိပေးချက်များထုတ်ပြန်ခဲ့သော်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် ငလျင်သည် Oaxaca ပြည်နယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့် ယင်းဒေသတွင် အဆောက်အအုံများ ပြိုကျခြင်း နှင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆင်ဟွာသို့ပြောကြားခဲ့သည်။စက်တင်ဘာ ၇ ရက်တွင် အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုသည် Chiapas ပြည်နယ် ရှိ Pijijiapan မြို့ အနောက်တောင်ဘက် ၉၆ကီလိုမီတာ၊ မြေအောက် အနက် ၃၃ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်သွားခဲ့ပြီး နှစ်ပေါင်း ၁၀၀အတွင်း မက္ကဆီကို နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်များအနက် အင်အားအပြင်းထန်ဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.