Connect with us

North America

မက္ကဆီကို နိုင်ငံ တွင် အင်အား ၇.၁ အဆင့်ရှိသော ငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း အနည်းဆုံး ၁၃၉ ဦး သေဆုံး

မက္ကဆီကို နိုင်ငံ တွင် စက်တင်ဘာ ၁၉ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ငလျင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အစိုးရ သတင်း ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်း အချိန်တွင် မက္ကဆီကို နိုင်ငံ အလယ်ပိုင်း ၌ အင်အား ရစ်(ခ်)တာစကေး ၇.၁ အဆင့်ရှိ ငလျင် တစ်ခု ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း အနည်းဆုံး ၁၃၉ ဦး သေဆုံး ခဲ့ကြောင်း သိရှိခဲ့ရသည်။

မက္ကဆီကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦး က ဒေသတွင်း မီဒီယာ ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ငလျင်ဖြစ်ပွား သည့် Morelos ပြည်နယ် တွင် လူပေါင်း ၆၄ ဦး သေဆုံးခဲ့ကြောင်း ၊ မြို့တော် မက္ကဆီကိုစီးတီး တွင် လူပေါင်း ၃၆ ဦး သေဆုံး ခဲ့ပြီး Puebla ပြည်နယ် တွင် လူပေါင်း ၂၉ ဦး သေဆုံးကာ ကျန်ပြည်နယ်များတွင် လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး လူများစွာမှာ ပြိုလဲခဲ့သည့် အဆောက်အဦ များအောက်တွင် ရောက်ရှိနေသဖြင့် စုစုပေါင်း သေဆုံးမှု စာရင်းသည် ပိုမို မြင့်တက်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီကို နိုင်ငံ အမျိုးသား ငလျင်ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် ၁၉ ရက်နေ့ နေ့လယ် ၁၃ နာရီ ၁၄ မိနစ် တွင် ဖြစ်ပွား ခဲ့ပြီး ငလျင် သည် Morelos ပြည်နယ် Axochiapan မြို့ အနောက်တောင်ပိုင်း ၁၂ ကီလိုမီတာ အကွာအဝေး တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ၊ ငလျင် သည် မြေပြင်အောက်အနက် ၅၇ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ် ခဲ့ပြီး မြို့တော် မက္ကဆီကိုစီးတီး တွင်ပင် ပြင်းထန်သည့် တုန်ခါမှု ကို ခံစားခဲ့ရကြောင်း ၊ ငလျင် ဖြစ်ပွားပြီးနောက် အချို့ဒေသ များတွင် လျှပ်စစ်မီးများ ပြတ်တောက် သွားခဲ့ပြီး အဆောက်အဦ ပေါင်း ၃၀ ခန့် ပြိုလဲ ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယခု အကြိမ် မက္ကဆီကို နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင် သည် သီတင်းပတ် ၂ ပတ်အတွင်း ဒုတိယ အကြိမ်မြောက် လွန်စွာ ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခြင်း ဖြစ်သည်။ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်း အချိန်တွင် မက္ကဆီကို နိုင်ငံ Chiapas ပြည်နယ် အနောက်တောင်ပိုင်း ၁၃၇ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ဖြစ်ပွား သည့် အင်အား ရစ်(ခ်)တာစကေး (၈.၂) အဆင့် ရှိသော ငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၉၈ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.