North America
မစ်ကီမောက်စ်၏ နှစ် ၉၀ ပြည့် မွေးနေ့အတွက် နယူးယောက်ပြပွဲ ဒစ္စနေးဖွင့်လှစ်မည်

နယူးယောက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ဒစ္စနေး (Disney) က ၎င်း၏ အကျော်ကြားဆုံး ကာတွန်းဇာတ်ကောင် မစ်ကီမောက်စ် (Mickey Mouse) ၏ နှစ် ၉၀ ပြည့်အတွက် ယခုနှစ် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၌ မစ်ကီမောက်စ် ရုပ်လုံးကြွပြပွဲတစ်ခု ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာပေါ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ အများပြည်သူသုံးဥယျာဉ်တွေမှာ Original Exhibition ကို တစ်နှစ်ကြာပွဲကျင်းပမှာ ဖြစ်ပါတယ်။ မစ်ကီနဲ့ မီနီတို့နဲ့အတူ မိသားစုတွေ ချစ်ခင်သူတွေအကြား ရာစုနှစ်တစ်ခုနီးပါး နက်ရှိုင်းတဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူနေပါတယ်” ဟု Disney Parks, Experiences and Consumer Products ၏ ဥက္ကဋ္ဌ Bob Chapek က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲကို စတုရန်းပေ ၁၆,၀၀၀ ကျယ်ဝန်းသော နေရာပေါ်၌ မစ်ကီမောက်စ်၏ သမိုင်းဝင်နှင့် ခေတ်မီ လုပ်ဆောင်ချက်များကို ပြသသွားမည်ဟု ဆိုသည်။
မစ်ကီမောက်စ်ရုပ်ပုံများအား တွေ့ရစဉ် (အင်တာနက်)
မစ်ကီမောက်စ်ရုပ်ပုံများအား တွေ့ရစဉ် (အင်တာနက်)
မစ်ကီမောက်စ်ရုပ်ပုံများအား တွေ့ရစဉ် (အင်တာနက်)
မစ်ကီမောက်စ်ကို ၁၉၂၈ ခုနှစ်တွင် ဝေါ့ဒစ္စနေး (Walt Disney) နှင့် Animator Ub Iwerks တို့က ဖန်တီးခဲ့သည်။ သရုပ်ဆောင် မစ်ကီမောက်စ်က “Plane Crazy” တွင် ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းတိုအဖြစ် ထွက်ပေါ်လာခဲ့ကာ “Steamboat Willie” အဖြူအမည်းကာတွန်း အဖြစ် ပွဲဦးထွက် လူသိရှင်ကြားထွက်ပေါ်လာခဲ့သည်။ ထိုစဉ်ကစ၍ ယင်းနာမည်ကျော် သရုပ်ဆောင် မစ်ကီမောက်စ်သည် အနီရောင် ဘောင်းဘီတိုများ၊ အဝါရောင်ဖိနပ်ကြီးများနှင့် အဖြူရောင် လက်အိတ်များကို ဝတ်ဆင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၁၃၀ ကို ရိုက်ကူးခဲ့သည်။
အဆိုပါ ပြပွဲများကို ဖလော်ရီဒါပြည်နယ်ရှိ Walt Disney World Resort နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Disneyland တွင် လည်းကောင်း၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်ရှိ ပြည်သူ့ဥယျာဉ်များတွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)