Connect with us

North America

အမေရိကန်အမျိုးသမီးတစ်ဦး အိမ်မွေးခွေးအား ကယ်ဆယ်ရာမှ မိကျောင်းကိုက်ခံရ၍သေဆုံး

အမေရိကန်နိုင်ငံ တောင်ပိုင်း တောင်ကယ်ရိုလိုင်းနားပြည်နယ် ရှိ ရေအိုင်တစ်ခုအနီးတွင် မိကျောင်းတစ်ကောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း တောင်ကယ်ရိုလိုင်းနားပြည်နယ် ရှိ ရေအိုင်တစ်ခု တွင် အမေရိကန်အမျိုးသမီးတစ်ဦး သည် အိမ်မွေးခွေးတစ်ကောင် နှင့် လမ်းလျှောက်ထွက်လာစဉ် မိကျောင်းတစ်ကောင်က တိုက်ခိုက်ခဲ့သော ၎င်း၏ခွေးအား ကယ်ဆယ်ရာမှ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ပြည်တွင်း သတင်းများက သြဂုတ် ၂၁ ရက်တွင်ဖော်ပြခဲ့သည်။

အသက် ၄၅နှစ်အရွယ် ရှိ Cassandra Cline သည် “ပင်လယ်ထင်းရူးတော” အဖြစ် ခေါ်ဆိုသော ဧရိယာသို့ သြဂုတ် ၂၀ ရက် တွင် အိမ်မွေးခွေးတစ်ကောင် နှင့် လမ်းလျှောက်ထွက်လာကြောင်း သိရသည်။ အဆိုပါ ခွေးသည် ရေအိုင်နှင့်အလွန်နီးကပ်စွာ လမ်းလျှောက်နေစဉ် အရှည် ၂.၄၄မီတာ ရှိသော မိကျောင်းတစ်ကောင် က တိုက်ခိုက်ခဲ့ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။

Cline သည် ၎င်း၏ ခွေးအား ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ရာ မိကျောင်းသည် ၎င်းအားပြန်လည်တိုက်ခိုက်ခဲ့ပြီး ရေထဲသို့ ကိုက်ဆွဲသွားခဲ့ကြောင်း နှင့် ခွေးမှာ ထိခိုက်ဒဏ်ရာမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ABC သတင်းဌာနက Cline အား ရေအိုင်မှ ဆယ်ယူလာချိန်တွင် အသက်ရှိနေသော်လည်း အခင်းဖြစ်ပွားရာ၌ သေဆုံးသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

မိကျောင်းအား ဖမ်းဆီးခဲ့ပြီး ဆေးထိုးသတ်ခဲ့ကြောင်း တောင်ကယ်ရိုလိုင်းနားပြည်နယ် သဘာဝရင်းမြစ်များဆိုင်ရာ ဌာန အကြီးအကဲ Robert McCullough က ပြည်တွင်းသတင်းသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.