Connect with us

North America

မားစ် ခရီးစဉ် ပြင်ဆင်ရေး အတွက် နာဆာက အာကာသ ယာဉ်မှူးများ စုဆောင်း

နာဆာ အာကာသ လေကြောင်း အေဂျင်စီမှ လွှတ်တင်ထားသော အာကာသယာဉ်တစ်စီး၏ ပုံစံတူ အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ၇က် (ဆင်ဟွာ)

မားစ်ဂြိုလ်သို့ လူလိုက်ပါမည့် နောက်ဆုံး ခရီးစဉ်တစ်ခု အတွက် ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် အာကာသယာဉ်မှူး အသစ်များ မကြာမီ စုဆောင်းရန်ရှိကြောင်း အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ (NASA) က နိုဝင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ သည်။

နာဆာ အုပ်ချုပ်ရေးမှူး ချားလ်ဘိုလ်ဒန်က “လာမယ့် အမေရိကန် အာကာသ စူးစမ်းရှာဖွေ သူများအဖွဲ့က မားစ်ကိုသွားမယ့် အာကာသ စူးစမ်း ရှာဖွေသူများအဖွဲ့က မားစ်ကို သွားမယ့် အာကာသယာဉ်မှူး အသစ်တွေ မျိုးဆက်ကို ပိုမိုမြင့်မား ကောင်းမွန်တဲ့ အဆင့်ရောက်ဖို့ ဆောင်ရွက်ပေးနိုင်မှာပါ။ ဒါကပဲ ဒီဂြိုဟ်နီကြီးပေါ် ခြေချနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို သဘောပေါက်ကြဖို့ ကူညီရာရောက်မှာပါ”ဟု ကြေငြာချက်တွင် ပြောကြားခဲ့သည်။

အာကာသယာဉ်မှူး အသစ်များသည် လုပ်ငန်းခွင်အတွင်း အမေရိကန်နိုင်ငံလုပ် ယာဉ်များဖြစ်သည့် နိုင်ငံတကာ အာကာသ စခန်း၊ အမေရိကန် ကုမ္ပဏီများပိုင် စီးပွားဖြစ် အာကာသယာဉ်နှစ်စီး နှင့် ၂၀၃၀ ခုနှစ်တွင် မားစ်သို့ လူသားများအား တင်ဆောင်သွားနိုင်သည့် NASA’s Orion deep-space ရှာဖွေရေးယာဉ် စသည်တို့တွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

အဆိုပါ နေရာအတွက် လျှောက်ထားလိုသူများသည် အမေရိကန်နိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး နယ်ပယ်စုံ၌ နှံ့စပ် မှုရှိသော လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များနှင့် ဆေးပညာဆိုင်ရာ ဆရာဝန်များ ဖြစ်ရပါ မည်။ လိုအပ်ချက်များမှာ အင်ဂျင်နီယာ၊ ဇီဝသိပ္ပံ၊ ရူပဗေဒဆိုင်ရာ သိပ္ပံနှင့် သင်္ချာ ပညာရပ်ဆိုင်ရာ တရားဝင် တက္ကသိုလ်များမှ ဘွဲ့ရရှိသူဖြစ်ရပါမည်။

လျှောက်ထားသူများသည် စက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ သုံးနှစ် သို့မဟုတ် ဂျက်လေယာဉ်မောင်း အတွေ့အကြုံ အနည်းဆုံး နာရီပေါင်း ၁,၀၀၀ ရှိရမည် ဖြစ်သည်။

ထပ်မံလိုအပ်ချက်များမှာ နာဆာ၏ ကာလရှည် အာကာသတွင် နေနိုင်ခြင်း ကာယကြံ့ခိုင်မှု ခွင့်ပြုချက်လိုအပ် ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် အာကာသယာဉ်မှူးများသည် အရပ်အမြင့် ၆၂ လက်မ (၁.၅၇ မီတာ) နှင့် ၇၅ လက်မ (၁.၉၀ မီတာ) အကြားရှိရန် လိုအပ်သည်။

လျှောက်လွှာများကို ဒီဇင်ဘာ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလလယ်အထိ လက်ခံသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူ များအား ၂၀၁၇ ခုနှစ် လယ်ပိုင်းတွင် ကြေညာနိုင်မည်ဟု မျှော်မှန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.