Connect with us

North America

နှစ်နှစ်စာ ဘတ်ဂျက်မူကြမ်းအား အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန် သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရ၏ ကြွေးမြီ ပျက်ကွက်မှုနှင့် အစိုးရ ရပ်ဆိုင်းရေး အလားအလာ ရှိနေသည် များအား ရှောင်လွှဲ နိုင်မည့် နှစ်နှစ်စာ ဘတ်ဂျက် ဥပဒေမူကြမ်းအား သမ္မတ အိုဘားမားက နိုဝင်ဘာလ ၂ ရက်နေ့ တွင် လက်မှတ် ရေးထိုးလိုက်သည်။

“ရန်ပုံငွေ နှစ်နှစ်ကြာ ဖြတ်တောက် ထားခြင်းဖြင့် အစိုးရ ရပ်ဆိုင်းခြင်း ခြိမ်းခြောက်မှု တွေက လွတ်မြောက်ခွင့် ရပြီး နောက်ဆုံးအချိန် ပြင်ဆင် ခွင့်ပြုမှုများ နှင့် အနာဂတ်အတွက် အစီအမံများအား ဆောင်ရွက်ခွင့် ရမှာပါ” ဟု Oval ရုံးခန်း၌ ဥပဒေမူကြမ်း အား လက်မှတ်ရေးထိုးစဉ် အိုဘားမားက ပြောသည်။

ယင်းသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချေးယူနိုင်သော ပမာဏနှင့် အစိုးရ၏ ပေးဆောင်ရမည့် တာဝန်များ အတွက် နောက်ဆုံး ပေးဆောင်ရမည့် နိုဝင်ဘာလ ၃ ရက်နေ့ မတိုင်မီ အဆိုပါ မူကြမ်းအား သမ္မတက လက်မှတ်ရေးထိုး လိုက်ခြင်း ဖြစ်သည်။

ယင်းဥပဒေမူကြမ်းအား ဥပဒေပြုလွှတ်တော်မှ လွန်ခဲ့သော ရက်သတ္တပတ်က ခွင့်ပြုခဲ့ပြီး အစိုးရ၏ ငွေချေးယူခွင့် အာဏာအား နောင်လာမည့် သမ္မတသစ် နှင့် ဥပဒေပြုလွှတ်တော်သစ် တာဝန်မယူသေးခင် ၂၀၁၇ ခုနှစ် မတ်လ သို့ တိုးချဲ့သတ်မှတ်ခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး နှင့် အရပ်သား အစီအစဉ်များ အတွက် သုံးစွဲခွင့်ရမည့် ပြည်ထောင်စု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ အထိ တိုးမြှင့်ရရှိနိုင်ပါသည်။

ဥပဒေပြု အမတ်များ အနေဖြင့် လက်ရှိ ကာလတို ကုန်ကျစရိတ် ဥပဒေကြမ်း သက်တမ်း ကုန်ဆုံးမည့် ဒီဇင်ဘာလ လယ်တွင် ၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် အစိုးရ ကုန်ကျစရိတ် အသေးစိတ် ဥပဒေကြမ်းကို အတည်ပြုရန် လိုအပ်နေသေးသည်။ (Xinhua)