Connect with us

North America

မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့် ဆက်နွယ်မှုအပေါ် ကျူးဘား ငြင်းဆို

ဖမ်းမိထားသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာဗားနား၊ မေ ၂၂ ရက် (ဆင်ဟွာ)

ကွန်တိန်နာတစ်ခုအတွင်း ဝှက်ထားပြီး ပနားမားနိုင်ငံ အာဏာပိုင်များမှ ကြားဖြတ်ဖမ်းမိခဲ့သော ကျူးဘားနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး မည်သို့မျှ ဆက်နွယ်မှုမရှိကြောင်း ကျူးဘားက မေလ ၂၁ ရက်တွင် ငြင်းဆိုလိုက်သည်။

မူးယစ်ဆေးဝါးများအား နေရာချပြီးနောက် ကွန်တိန်နာအမှတ်တံဆိပ်အား ပြောင်းလဲထားသည်ကို ကျူးဘားနိုင်ငံနှင့် ပနားမားနိုင်ငံတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် မူးယစ်ဆေးဝါးများအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကျူးဘားနိုင်ငံ အထွေထွေ အကောက်ခွန်ရုံးက ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

အဆိုပါ ကြေညာချက်၌ ကျူးဘားနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှုအား ဦးတည်ကာ အပြင်းအထန် တိုက်ဖျက်ရေး မူဝါဒအကြောင်း ထပ်လောက်ပြောကြားခဲ့ကြောင်း၊ ထို အန္တရာယ်အား တိုက်ခိုက်ရန် အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် လုပ်ငန်းများနှင့် အခိုင်အမာပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.